ဂျကာတာ ၃၀  အောက်တိုဘာ

အင်ဒိုနီးရှားနိုင်ငံ၏ လေပိုင်နက်ကာကွယ်ရေးကို မြှင့်တင်ရန် ကြိုးပမ်းသည့်အနေဖြင့် အက်ဖ်-၁၆ တိုက်လေယာဉ်အုပ်စု နှစ်ခုကို လာမည့်နှစ် တွင် ထပ်မံဝယ်ယူသွားမည်ဖြစ် ကြောင်း အင်ဒိုနီးရှား လေတပ်ဦးစီး ချုပ် ယူယူစူတီစနာက ယမန်နေ့တွင် ပြောကြားခဲ့သည်။

ယင်း တိုက်လေယာဉ်များကို ထပ်မံဝယ်ယူခဲ့လျှင် အင်ဒိုနီးရှားနိုင်ငံသည် အက်ဖ် -၁၆ ဂျက် လေယာဉ်အုပ်စု လေးခုအထိ ပိုင်ဆိုင်သည့် နိုင်ငံဖြစ်လာတော့မည်ဖြစ်ကြောင်း သိရသည်။

ဂျက်လေယာဉ်သစ်များကို အမေရိကန်၏ အကြီးဆုံးလေယာဉ်ထုတ်လုပ်ရေး လုံခြုံရေးနှင့် ခေတ်မီနည်းပညာမြင့် ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် လော့ဒ်ဟိမာတင်ကုမ္ပဏီမှ ထုတ်လုပ်ထားခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အတွင်း အဆိုပါတိုက်လေယာဉ်များကို အင်ဒို နီးရှားသို့ ပေးပို့နိုင်မည်ဟု လေတပ်ဖွဲ့အကြီးအကဲက ပြောကြားခဲ့သည်။

လေတပ်ဦးစီးချုပ် စူတီစနာက အင်ဒိုနီးရှားနိုင်ငံသည် ဝေဟင်လုံခြုံ ရေးကိုကာကွယ်ရန် အက်ဖ်-၁၆ ဂျက်လေယာဉ်များအပေါ် မှီခိုအား ထားနေရဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

တိုက်လေယာဉ်များ ဝယ်ယူရာတွင် နောက်ဆုံးပေါ် Block 72 Viper ဒီဇိုင်းသစ်ဖြင့် ထုတ်လုပ်ထားသည့် တိုက်လေယာဉ် အုပ်စုနှစ်ခုကို ဝယ်ယူ သွားမည် ဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် အင်ဒိုနီးရှားနိုင်ငံသည် အမေရိကန်ထုတ် တိုက်လေယာဉ်များအပြင် ရုရှားနိုင်ငံထုတ် အက်စ်ယူ ၃၅ ဂျက်လေယာဉ်များ ကိုလည်း ဝယ်ယူသွားရန်ရှိကြောင်း သိရသည်။ အသေးစိတ်ကိုမူ ဖော်ပြခဲ့ခြင်း မရှိပေ။

ဆင်ဟွာ