အစ္စလမ္မာဘတ်   အောက်တိုဘာ   ၁

နိုင်ငံအတွင်း အင်တာနက်လိုင်းများ ပြတ်တောက်ခြင်းသည် နည်းပညာကြောင့်ဖြစ်ကြောင်းနှင့် အင်တာနက်သုံးစွဲခွင့် တားမြစ်လိုက်ခြင်းကြောင့်မဟုတ်ကြောင်း အာဖဂန်အစိုးရ  ပြောရေးဆိုခွင့်ရှိသူ  ဇာဘီဟူလာမူ ဂျာဟစ်က အောက်တိုဘာ ၁ ရက် ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်းရှိ   အင်တာနက်လိုင်းများမှာ ဟောင်းနွမ်းနေပြီဖြစ်ကြောင်းနှင့် အဆိုပါ နေရာတွင် အင်တာနက်လိုင်းအသစ်များ   အစားထိုးတပ်ဆင်နေကြောင်း    မူဂျာဟစ်ပြောစကားကို ကိုးကားပြီး အာဖဂန်အစိုးရ၏ အူရဒူအိတ်စ်အကောင့်တွင်  ဖော်ပြခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် မကြာသေးမီရက်များအတွင်း အင်တာနက်လိုင်းပြတ်တောက်မှုများနှင့် ကြုံတွေ့ခဲ့သည်။ အင်တာနက်အသုံးပြုမှု ပြတ်တောက်ခြင်းနှင့်ပတ်သက်ပြီး ဖြစ်နိုင်သည့်ယူဆချက်များကို  လူမှုမီဒီယာပေါ်တွင် အမျိုးမျိုးဖော်ပြလျက်ရှိသည်။            

ဆင်ဟွာ