အင်းတော် ၂၁  စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ကျောက်ဆင်းကျေးရွာအနီး မဲဇာချောင်းဘေးတွင်အမျိုးသားတစ်ဦး မိုးကြိုးထိမှန် သေဆုံးနေကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းက အင်းတော်မြို့နယ်၊ မဲဇာနယ်မြေရဲကင်းစခန်းမှူး ရဲအုပ်မျိုးမင်းအောင် ဦးစီးသောအဖွဲ့သည် လူတစ်ဦး မိုးကြိုးထိမှန်သေဆုံးနေကြောင်း သတင်းအရ အခင်းဖြစ်နေရာသို့ သက်သေများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးရာအင်းတော်မြို့နယ်၊ ကျောက်ဆင်ကျေးရွာနေ မောင်ထွန်း ဆိုသူသည် မဲဇာချောင်းဘေး စားကျက်မြေတွင် ကျွဲကျောင်းနေစဉ်မိုးကြိုး ထိမှန်သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ၎င်းသေဆုံးခြင်းသည် ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် သိရှိနှိုင်ရန် မဲဇာနယ်မြေရဲကင်း စခန်းမှ သေမှုသေခင်း ရေးဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

 

လူအောင်(ကသာ)