အင်းတော် ၃၁ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နတ်မဟုတ်ကလေးကျေးရွာအနီးတွင် အမျိုးသားတစ်ဦးရထားကြိတ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ည ၇ နာရီ ၄၅ မိနစ်က လူတစ်ဦး ရထားကြိတ် သေဆုံးနေကြောင်း သတင်းအရ အင်းတော်မြို့မြို့မရဲခန်းမှ စခန်းမှူးဒုရဲမှူး မြင့်အောင် ဦးစီးသောအဖွဲ့သည် သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ အင်းတော်မြို့နယ်၊ နတ်မဟုတ်ကလေးကျေးရွာအနီး မိုင်တိုင်အမှတ် ၅၈၄/၂ နှင့် ၃ ကြားနရာတွင် အင်းတော်မြို့နယ်၊ ဆည်ရွာကျေးရွာနေ နိုင်ထွန်းဦးဆိုသူသည် ရထားကြိတ်သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
လူအောင်(ကသာ)


