၁၈ အောက်တိုဘာ
ဆီးရီးယားမြောက်ပိုင်းဒေသကို တူရကီ တို့ ထိုးစစ် ရပ်ဆိုင်းနေစဉ် ဆီးရီးယားနယ်စပ်တစ်လျှောက်မှ ကာ့ဒ်တပ်ဖွဲ့များ ရုပ်သိမ်းရန် အဆိုပြုသည့် အပစ်အခတ်ရပ်စဲခြင်းကို သဘောတူမည်ဟု ကာ့ဒ်တပ်ဖွဲ့များက ဆိုသည်။
အပစ်အခတ်ရပ်စဲရန် အမေရိကန်ပြည်ထောင်စုနှင့် တူရကီနိုင်ငံ တို့ အစောပိုင်းနေ့က သဘောတူညီခဲ့ပြီးနောက် ကာ့ဒ်တပ်ဖွဲ့များက ယမန်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကာ့ဒ်တပ်ဖွဲ့များသည် အပစ်အခတ်ရပ်စဲခြင်းကို အချို့ဒေသများတွင် သဘောတူညီခဲ့ပြီး ယမန်နေ့ည ၁၀ နာရီ တွင် အပစ်အခတ်ရပ်စဲခဲ့သည်။
ဆီးရီးယားမြောက်ပိုင်းမှတူရကီတပ်များ ဆုတ်ခွာပြီး နောက်မှသာ အပစ်အခတ်ရပ်စဲရေးကို လက်ခံမည် ဖြစ်ကြောင်း အစ္စလာ့မ်နိုင်ငံတော်စစ်သွေးကြွ ဆန့်ကျင်ရေး စစ်ရေးလှုပ်ရှားမှုများတွင် ပါဝင်သည့် ကာ့ဒ် တပ်မှူး တစ်ဦးက ဒေသခံမီဒီယာကို ပြောကြားခဲ့သည်။
ဆီးရီးယားမြောက်ပိုင်းမှ ၎င်းတပ်များရုပ်သိမ်းရန် ထိုသဘောတူညီမှုတွင် သတ်မှတ်ထားခြင်းမရှိဟု တူရကီတို့က ဆိုသည်။
အဆိုပါ သဘောတူညီချက်အရ ဆီးရီးယားနယ်စပ်ဒေသမှ ကာ့ဒ်တပ်ဖွဲ့များ ရုပ်သိမ်းခြင်းရှိမရှိ ရေရာမှု မရှိသေးပေ။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


