မေ ၁၃

 

နှစ်စဉ် မေလ ၁၂ ရက်နေ့သို့ရောက်ရှိတိုင်း အပြည်ပြည်ဆိုင်ရာ သူနာပြုကောင်စီ(ICN) က ကြီးမှူး၍ ကမ္ဘာတစ်ဝန်း၌ အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ကို ၁၉၆၅ ခုနှစ်မှစ၍ ကျင်းပခဲ့ရာ ယခု ၂ဝ၂ဝ ပြည့်နှစ်တွင် (၅၆) ကြိမ်ရှိပြီဖြစ်သည်။ ၁၉၅၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု ကျန်းမာရေး၊ ပညာရေးနှင့် ဖူလုံရေးဌာနမှ အရာရှိ ဒေါ်ရိုသီဆူသာလန်က အမေရိကန်သမ္မတ အိုက်ဆင်ဟောင်ဝါထံ သူနာပြုသတ်မှတ်ပေးရန် အဆိုပြုခဲ့ရာ သမ္မတက အတည်မပြုခဲ့သော်လည်း သူနာပြုများနေ့ ဖြစ်ပေါ်လာရန် အစပြုခဲ့သည်။

 

သူနာပြုလောက၏ မိခင်ကြီးဟုဆိုကြရသည့် ဖလောရင့်စ်နိုက်တင်ဂေး၏ နှစ်ပတ်လည်မွေးနေ့ကို နှစ်စဉ်လ ၁၂ ရက်နေ့တွင် ကျင်းပရန် ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလက သတ်မှတ်ခဲ့သည်။ မီးအိမ်ရှင်ဟု ကမ္ဘာတစ်ဝန်ထင်ရှားခဲ့သည့် ဖလောရင့်စ် နိုက်တင်အမည်ရှိ သူနာပြုဆရာမကြီးကို ၁၈၂၀ ပြည့်နှစ် လ ၁၂ ရက်နေ့တွင် အီတလီနိုင်ငံ ဖလောရင့်စ်မြို့တွင် မွေးဖွားခဲ့သဖြင့် ယခု ၂၀၁၂ဝပြည့်နှစ် မေလ ၁၂ ရက်နေ့သည်သူ၏ နှစ် ၂၀ ပြည့်မွေးနေ့ဖြစ်ပြီး နိုက်တင်ဂေးသည် ၁၉၁၀ ပြည့်နှစ် သြဂုတ် ၁၃ ရက်တွင် လန်ဒန်မြို့၌ ကွယ်လွန်ခဲ့သည်။

 

အပြည်ပြည်ဆိုင်ရာ သူနာပြုကောင်စီသည် ကမ္ဘာတစ်ဝန်းမှ သူနာပြုများ အသုံးပြုရန် သူနာပြုနေ့အသုံးအဆောင်ပစ္စည်း သေတ္တာများကို နှစ်စဉ် ဖြန့်ဖြူးပေးလျက်ရှိရာ အသိပညာပေးနှင့် သတင်းအချက်အလက်ဆိုင်ရာ ပစ္စည်းများပါဝင်သည်။ ထို့အတူ အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ဆောင်ပုဒ်ကို ၁၉၈၈ ခုနှစ်မှ စတင်၍ နှစ်စဉ် သတ်မှတ်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ဆောင်ပုဒ်သည် Nursing the World to Health ဖြစ်သည်။

 

ဖလောရင့်စ် နိုက်တင်ဂေး

 

ဖလောရင့်စ် နိုက်တင်ဂေးသည် ဗြိတိသျှလူမျိုးလူမှုပြုပြင်ရေးသမား၊ စာရင်းအင်းပညာရှင်နှင့် ခေတ်သစ်သူနာပြု အတတ်ပညာကို တည်ထောင်ခဲ့သူ ဖြစ်သည်။

 

နိုက်တင်ဂေးသည် ခရိုင်းမီးယားစစ်ပွဲအတွင်း ဒဏ်ရာရ စစ်သည်များကို ပြုစုစောင့်ရှောက်ရန် တာဝန်ပေးခံခဲ့ရစဉ် စစ်မြေပြင်၌ ဒဏ်ရာရ စစ်သည်များကို ညအချိန်များတွင် မီးအိမ်တစ်လုံးဖြင့် လိုက်လံကြည့်ရှု ပြုစုစောင့်ရှောက်ခဲ့သဖြင့် မီးအိမ်ရှင်ဟု ထင်ရှားခဲ့သည်။ သူနာပြုလုပ်ငန်းကို အလွန်မြင့်မြတ်သော ပညာရပ်တစ်ခုသာမက အမျိုးသမီးများအတွက် အသက် မွေးဝမ်းကျောင်းပညာရပ်တစ်ခု ဖြစ်လာစေရန် နိုက်တင်ဂေး၏ကြိုးပမ်းခဲ့မှု များကိုမူ အရေးပါသော လုပ်ငန်းတစ်ရပ်အဖြစ် ကမ္ဘာတစ်ဝန်းမှ ပြည်သူများက လက်ခံခဲ့ကြသည်။

 

နိုက်တင်ဂေးသည်၁၆၀ ပြည့်နှစ်တွင် စိန့်သောမတ်စ်ဆေးရုံ၌ သူနာပြု သင်တန်းကျောင်းကို ဖွင့်လှစ်ကာ သူနာပြုအသက်မွေးပညာရပ်ကို ထူထောင်ခဲ့သည်။ ယင်းကျောင်းသည် ကမ္ဘာ့ပထမဆုံးသော သူနာပြုသင်တန်းကျောင်း ဖြစ်၍ယခုအခါတွင် လန်ဒန်မြို့ ကင်းကောလိပ်၏ ကျောင်းခွဲတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ သူ၏ သူနာပြုလုပ်ငန်းအပေါ် စွန့်ဦးလုပ်ဆောင်မှုကို သိအမှတ်ပြုသောအားဖြင့် သူနာပြုအသစ်များသည် နိုက်တင်ဂေး ကတိသစ္စာပြုလွှာကို ရွတ်ဆိုကြပြီး နိုင်ငံတကာသူပြုထူးချွန်ဆုကို ဖလောရင့်စ်နိုက်တင်ဂေးဆုဟု အမည်ပေးခဲ့သည်။

 

သူ၏ လူမှုရေးပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ချက်များတွင် ဗြိတိန်နိုင်ငံ လူမှုအဖွဲ့အစည်းကို ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်စေခြင်လည်း ပါဝင်ခဲ့သည်။ နိုက်တင်ဂေးသည် စာရေးသူတစ်ဦးလည်းဖြစ်ကာ သူ၏ သက်တမ်းတစ်လျှောက်ရေးသားခဲ့သော စာမူများသည် ကျန်မာရေးဆိုင်ရာ ဟုသုတများ ဖြန့်ဝေပေးခြင်းများသာဖြစ်ခဲ့သည်။ သူသည် ရိုးရှင်းသော အင်္ဂလိပ်စကားဖြင့် ရေးသားခဲ့သဖြင့် သူ၏စာများကို ပညာအရည်အချင်း နည်းပါးသူများပင် အလွယ်တကူ နားလည်ခဲ့ကြသည်။

 

ဖလောရင့်စ်နိုက်တင်ဂေးသည် သူ၏ ထူးချွန်သော ဆောင်ရွက်မှုများကြောင့် ၁၈၈၃ ခုနှစ်တွင် Royal Red Cros ဆု၊ ၁၉၀၄ ခုနှစ်တွင် Lady of Grace of the Order of St John 4$ 2009 podoze Order of Merit ဆုကို ရရှိခဲ့သည်။

 

နိုက်တင်ဂေး၏ ငယ်စဉ်ဘဝ

 

နိုက်တင်ဂေကို ကြွယ်ဝချမ်းသာသော ဗြိတိသျှလူမျိုး မိဘနှစ်ပါးက အီတလီနိုင်ငံ ဖလောရင့်စ်မြို့တွင် ၁၉၂၀ ပြည့်နှစ် မေလ ၁၂ ရက်နေ့က မွေးဖွားခဲ့ပြီး သူ၏နာမည်ကို ဖွားမြင်ခဲ့သည့် မြို့အမည်ပေးခဲ့သည်။

 

နိုက်တင်ဂေး၏ အစ်မကို မွေးဖွားခဲ့စဉ်ကလည်း သူ့ကို ဖွားမြင်ခဲ့သည့် နေပယ်မြို့ရှိ ဂရိရပ်ကွက်ဖြစ်သည့် ပင်သီဆူ အမည်ကိုပင် မှည့်ခေါ်ခဲ့သည်။ နိုက်တင်ဂေး၏ မိဘများသည် ၁၈၂၁ ခုနှစ်တွင် အင်္ဂလန်နိုင်ငံသို့ ပြန်လည် ပြောင်းရွှေ့နေထိုင်ခဲ့ကာ နိုက်တင်ဂေးသည် အင်္ဂလန်နိုင်ငံ၌ ကြီးပြင်းခဲ့သည်။

 

နိုက်တင်ဂေး၏ မိဘနှစ်ပါးသည် ဝီလျံအက်ဒွပ်နိုက်တင်ဂေး(၁၇၉၄၁၈၇၄)နှင့် ဖရန့်စ်နိုက်တင်ဂေး နီးစမစ်(၁၇၈၈-၁၈၈၀) ဖြစ်သည်။ နိုက်တင် ဂေးသည် ငယ်စဉ်ကပင် မိဘနှစ်ပါးထံမှ လူသားချင်းစာနာစိတ်အမြင်ကို အမွေရရှိခဲ့ကာ အခြားသူများ၏ အကျိုးကို ဆောင်ရွက်ရန် အလွန်စိတ်အား ထက်သန်ခဲ့သည်။ နိုက်တင်ဂေးသည် ၁၈၄၄ ခုနှစ်တွင် မိဘများ၏ တားမြစ်ခြင်းကို ဆန့်ကျင်လျက် သူနာပြုလောကသို့ ဝင်ရောက်ခဲ့သဖြင့် မိခင်နှင့် အစ်မဖြစ်သူတို့က သူ၏လုပ်ရပ်အပေါ် အလွန်ဒေါသထွက်ခဲ့ကြသည်။ ထိုစဉ်က ချမ်းသာကြွယ်ဝသော အသိုက်အဝန်းမှ အင်္ဂလိပ်မိန်းကလေးငယ်များသည် သူနာပြုလုပ်ငန်းကို စိတ်ဝင်စားလေ့မရှိကြသော်လည်း နိုက်တင်ဂေးသည် သူနာပြု အတတ်ပညာကို ကြိုးစားသင်ယူခဲ့သည်။

 

လှပချောမော၍ နှစ်လိုဖွယ် အပြုံးပိုင်ရှင် နိုက်တင်ဂေးကို နိုင်ငံရေးသမားနှင့် ကဗျာဆရာ ရစ်ချတ်မော့ခ်တန်မယ်လ်နီးစ်က ကိုးနှစ်ကြာသည့်တိုင် ချစ်ရေး ဆိုခဲ့သော်လည်း အိမ်ထောင်ပြုလျှင် သူနာပြုလုပ်ငန်းများတွင် အနှောင့်အယှက် ဖြစ်မည်ကိုစိုးသဖြင့် ငြင်းပယ်ခဲ့သည်။ ၁၈၄၇ ခုနှစ်တွင် နိုက်တင်ဂေးသည် စစ်ဘက်ရေးရာဝန်ကြီး ဆစ်ဒနီဟားဗတ်နှင့်တွေ့ဆုံခဲ့ကာ ဘဝတစ်လျှောက်လုံး ရင်းနှီးခင်မင်သော မိတ်ဆွေများဖြစ်ခဲ့ကြသည်။

 

ခရိုင်းမီးယားစစ်ပွဲ

 

၁၈၆၄ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် နိုက်တင်ဂေးသည် သူ လေ့ကျင့်ပေးထားသော စေတနာ့ဝန်ထမ်းသူနာပြု ၃၈ ဦး၊ ကက်သလစ် ဘာသာဝင် သီလရှင် ၁၅ ပါးနှင့်အတူ အော်တိုမန်အင်ပါယာသို့ သွားရောက်ခဲ့သည်။ ပြင်သစ်နိုင်ငံသို့ရောက်ရှိစဉ် သူ ဦးဆောင်သည့်အဖွဲ့ကို နိုက်တင်ဂေး၏မိတ်ဆွေ မေရီကလပ်က အကူအညီပေးခဲ့ကာ ပင်လယ်နက်ကို ဖြတ်သန်း၍ ရေမိုင် ၂၉၅ မိုင်ကွာဝေးသည့် ခရိုင်းမီးယားရှိ ဗြိတိသျှ အခြေစိုက်စခန်းသို့ ၁၈၅၄ ခုနှစ် နိုဝင်ဘာလ အစောပိုင်းတွင် ရောက်ရှိခဲ့သည်။ နိုက်တင်ဂေးနှင့် အဖွဲ့သည် စစ်မြေပြင်တွင် ဒဏ်ရာရရှိခဲ့သော လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အလွန်အားနည်းနေပုံကို တွေ့ရှိခဲ့သည်။

 

စစ်မြေပြင်စခန်း၌ ဆေးဝါး မလုံလောက်မှု၊ ကျန်းမာရေးကို လျစ်လျူရှုမှု၊ ရောဂါပိုးအများအပြား ကူးစက်နေမှု၊ လူနာများအတွက် အစားအစာထုတ်လုပ် ပေးသည့် စက်ပစ္စည်းများ မရှိမှုတို့သည်စစ်သည်များကို အသက်ဆုံးရှုံးစေနိုင်ကြောင်း မြင်တွေ့ သိရှိခဲ့သည်။

 

ထို့ကြောင့် ဗြိတိသျှအစိုးရထံသို့ ဆိုးရွားနေသည့်အခြေအနေများကို ဖြေရှင်းပေးရန် တိုင်းမ်သတင်းစာမှတစ်ဆင့် တောင်းဆိုခဲ့သဖြင့် ဗြိတိသျှအစိုးရက Renkiol ဆေးရုံကို တည်ဆောက်ပေးခဲ့ရာ သေဆုံးမှုနှုန်း ၄၂ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအထိ ကျဆင်းစေခဲ့သည်။  နိုက်တင်ဂေးက စစ်သည်များ သေဆုံးမှုသည် အာဟာရချို့တဲ့မှု၊ ပံ့ပိုးမှုနည်းပါးမှု၊ လေကောင်းလေသန့်မရ ရှိမှု၊ တာဝန်ထမ်းဆောင်ရချိန် အလွန်များပြားမှုတို့ကြောင့် ဖြစ်ရကြောင်း ယုံကြည်ခဲ့သည်။

 

ခရိုင်းမီးယား၊ စကုတာရီသို့ နိုက်တင်ဂေးရောက်ရှိခဲ့သည့် ပထမနှစ် ဆောင်းရာသီတွင် စစ်သည် ၄၀၇၇ ဦး သေဆုံးခဲ့ရာ အူရောင်ငန်းဖျား၊ ဝမ်း ရောဂါ၊ ဝမ်းကိုက်ရောဂါတို့ကြောင့် သေဆုံးသူဦးရေက စစ်မြေပြင်တွင် ရရှိခဲ့သည့် ဒဏ်ရာများကြောင့် သေဆုံးသူဦးရေ၏ ၁၀ ဆရှိခဲ့သည်။ စခန်း တွင်စစ်သည် ဦးရေများပြားပြီး မိလ္လာစနစ် ချွတ်ယွင်းမှုများ၊ လေဝင် လေထွက် မကောင်းမှုများရှိခဲ့ကာ နိုက်တင်ဂေးရောက်ရှိပြီး ခြောက်လအကြာတွင် ဗြိတိသျှအစိုးရက ပြုပြင်ပေးခဲ့သည်။

 

မီးအိမ်ရှင်

 

နိုက်တင်ဂေး၏ ခရိုင်းမီးယားစစ်ပွဲတွင် တာဝန်ထမ်းဆောင်မှုကို The Times သတင်းစာက The Lady with the Lampur မီးအိမ်ရှင်ဟု ထင်ရှားခဲ့သည်။ သူ တာဝန်ထမ်းဆောင်သည့် ဆေးရုံတွင် ဆေးရုံစင်္ကြံ လမ်းတိုင်းကို ညဘက်တွင် မီးအိမ်တစ်လုံးနှင့် လှည့်ပတ်ကြည့်ရှုလေ့ရှိသည့် နိုက်တင်ဂေးကို မြင်ရသည့် စစ်သည်လူနာများ၏ မျက်နှာများသည် နူးညံ့ ပျော့ပျောင်းသွားကြပေသည်။ တာဝန်ကျဆေးဝန်ထမ်းများအားလုံး နားကြသည့် တိတ်ဆိတ်မှောင်မိုက်နေသည့် ညပိုင်းအချိန်တွင် နိုက်တင်ဂေးသည် မီးအိမ်တစ်လုံးကိုဆွဲကာ လူနာများကို လိုက်လံပြုစုစောင့်ရှောက်ခဲ့သည်။

 

ခရိုင်းမီးယားစစ်ပွဲကာလတွင် နိုက်တင်ဂေး၏ စွမ်းဆောင်မှုများကို အသိအမှတ်ပြု၍ သူနာပြုများအား လေ့ကျင့်သင်ကြားပေးရန် ၁၈၅၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် နိုက်တင်ဂေးရန်ပုံငွေ အဖွဲ့ကို ခရိုင်းမီးယား၌ ထူထောင်ခဲ့ရာ အလှူငွေများစွာရရှိခဲ့သည်။ ယင်းအဖွဲ့ဥက္ကဋ္ဌသည် ကင်းဗရစ်ချ် မြို့စားကြီးဖြစ်၍ စစ်ဘက်ရေးရာဝန်ကြီး ဆစ်ဒနီဟားဗတ်က ဂုဏ်ထူးဆောင် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ ၁၈၆၀ ပြည့်နှစ်တွင် နိုက်တင်ဂေး သည် ရန်ပုံငွေ ပေါင် ၄၅၀၀၀ ဖြင့် စိန့်သောမတ်စ်ဆေးရုံတွင် နိုက်တင်ဂေး သူနာပြုသင်တန်းကျောင်းကို တည်ထောင်ခဲ့သည်။

 

နိုက်တင်ဂေး၏သင်တန်းကျောင်းမှ ပထမအသုတ် သူနာပြုများသည်လီဗာပူးလ်ရှိ ဆင်းရဲသူများဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုအခါတွင် ယင်းသင်တန်းကျောင်းသည် ဖလောရင့်စ်နိုက်တင်ဂေးသူနာပြုနှင့် သားဖွားသင်တန်းအဖြစ် လန်ဒန်မြို့ရှိ ကောလိပ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရပ်တည်နေသည်။

နိုက်တင်ဂေးသည် သူနာပြုမှတ်စုများ စာအုပ်ကို ၁၈၅၉ ခုနှစ်တွင် ထုတ်ဝေခဲ့ရာ နိုက်တင်ဂေးသူနာပြု သင်တန်းကျောင်း၏ သင်ရိုးညွှန်းတမ်း စာအုပ်ဖြစ်လာခဲ့သည်။နိုက်တင်ဂေးသည် အသက်ကြီးလာချိန်တွင် သူနာပြု လုပ်ငန်းတိုးမြှင့်ရေးနှင့် စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

 

နိုက်တင်ဂေး လေ့ကျင့်ပျိုးထောင်ပေးခဲ့သည့် သူနာပြုများသည် ၁၈၈၂ ခုနှစ်တွင် လန်ဒန်မြို့ရှိ ဆေးရုံများအပါအဝင် ဗြိတိန်နိုင်ငံရှိ ဆေးရုံများနှင့် ဩစတြေးလျနိုင်ငံ ဆစ်ဒနီဆေးရုံတွင် သူနာပြုအုပ်များအဖြစ် တာဝန်ထမ်းဆောင်နိုင်ခဲ့ကြသည်။ ၁၈၈၃ ခုနှစ်တွင် နိုက်တင်ဂေးသည် တော်ဝင် ကြက်ခြေနီ (Royal Red Cross) တံဆိပ်ကို ပထမဆုံးရရှိခဲ့သည်။ ထို့အတူ ၁၉၀၇ ခုနှစ်တွင် Order of Merit ဆုကို ရရှိသည့် ပထမဆုံး အမျိုးသမီးဖြစ်လာခဲ့သည်။

 

နိုက်တင်ဂေးသည် အသက်ထက်ဆုံးတိုင် သူနာပြုလောက၏ ကောင်းကျိုးများကို ဆောင်ရွက်ခဲ့ကာ အသက် ၉၀အရွယ်၌ ကွယ်လွန်ခဲ့သည်။ ကျန်းမာရေးကဏ္ဍ၊ သူနာပြုနယ်ပယ်ကို ဦးဆောင်ခဲ့သူ နိုက်တင်ဂေးကို မီးအိမ်ရှင်တစ်ဦးအဖြစ် ယနေ့တိုင် မမေ့နိုင်ကြဘဲ နိုက်တင်ဂေး ရုပ်တုများကို လန်ဒန်မြို့၌ စိုက်ထူခဲ့သည်။ ထို့အတူ နိုက်တင်ဂေးပြတိုက်ကို လန်ဒန်မြို့ စိန့်သောမတ်စ်ဆေးရုံတွင် ၂၀၁၀ ပြည့်နှစ် မေလက ဖွင့်လှစ်ခဲ့သည်။ သူနာပြုလောက၏ ရှေ့ဆောင်ပုဂ္ဂိုလ် နိုက်တင်ဂေး၏ မွေးနေ့ မေလ ၁၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ဟု သတ်မှတ်ခဲ့သည်။ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကလည်း ၁၉၂၀ ပြည့်နှစ်ကစ၍ နိုင်ငံတကာမှ ထူးချွန် သူနာပြုများကို ဖလောရင့်စ်နိုက်တင်ဂေး ဆုတံဆိပ်ကို ချီးမြှင့်ခဲ့သည်။

 

ဖလောရင့်စ် နိုက်တင်ဂေးကို ဂုဏ်ပြုရိုက်ကူးသည့် ရုပ်ရှင်များ၊ ရုပ်မြင် သံကြားဇာတ်လမ်းများ၊ စာအုပ်များထွက်ရှိခဲ့ပြီး အင်္ဂလန်နိုင်ငံ ဗဟိုဘဏ်က ထုတ်ဝေသည့် ၁၀ ပေါင် ငွေစက္ကူ ကျောဘက်တွင် နိုက်တင်ဂေး၏ပုံကို ရိုက်နှိပ်ခဲ့သည်။

 

ဖလောရင့်စ်နိုက်တင်ဂေး ဆုတံဆိပ်

 

၁၉၀၇ ခုနှစ်တွင် လန်ဒန်မြို့၌ ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းများ အဋ္ဌမအကြိမ်ညီလာခံက ကမ္ဘာတစ်ဝန်းမှ ထူးချွန် သူနာပြုများကို ဖလောရင့်စ်နိုက်တင်ဂေးဆုတံဆိပ် ချီးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြပြီး ၁၉၁၂ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ဆုတံဆိပ်ကို ဖန်တီး၍ ၁၉၂၀ ပြည့်နှစ်တွင် စတင်ချီးမြှင့်ခဲ့သည်။

 

ဖလောရင့်စ်နိုက်တင်ဂေးဆုတံဆိပ်ကို ပဋိပက္ခ သို့မဟုတ် ဘေးဒုက္ခ ရင်ဆိုင်နေရချိန်တွင် ဒဏ်ရာရရှိနေသူများ၊ ဖျားနာနေကြသူများ၊ မသန်စွမ်း သူများနှင့် ဒုက္ခသည်များကို ရွပ်ရွပ်ချွံချွံ ပြုစု စောင့်ရှောက်ခဲ့သည့် သူနာပြုနှင့် သူနာပြုအကူများကို ချီးမြှင့်ခဲ့ရာ၂ဝ၂ဝ ပြည့်နှစ် မတိုင်မီအထိ ကမ္ဘာတစ်ဝန်း မှ သူနာပြု ၁၅၁၂ ဦးက ဆုတံဆိပ်ကို ဆွတ်ခူးခဲ့ကြသည်။ ဆုတံဆိပ် စတင်ချီးမြှင့်ခဲ့စဉ်က အမျိုးသမီးသူနာပြုများကိုသာ ရွေးချယ်ချီးမြှင့်ခဲ့သော်လည်း ၁၉၉၁ ခုနှစ်မှစ၍ ထူးချွန်အမျိုးသားသူနာပြုများ ချီးမြှင့်နိုင်ကြောင်း စည်းမျဉ်းကို ပြင်ဆင်သတ်မှတ်ကာ နှစ်နှစ်လျှင် တစ်ကြိမ်၊ ဦးရေ ၅၀ ထက် မပိုလွန်စေဘဲ ဖလောရင့်စ်နိုက်တင်ဂေး ဆုတံဆိပ်ကို ချီးမြှင့်ခဲ့ရာ ၂၀၁၉ ခုနှစ် တွင် နိုင်ငံ ၁၉ နိုင်ငံမှ သူနာပြု ၂၉ ဦးက ဆုရရှိခဲ့သည်။

 

ဖလောရင့်စ်နိုက်တင်ဂေးဆုတံဆိပ်ကို မြန်မာနိုင်ငံမှ သူနာပြုလေးဦးက ဆွတ်ခူးခဲ့ရာ အမှတ်(၂)တပ်မတော်စစ်ဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ခင်အုန်းမြ (နောင်တွင် ဗိုလ်မှူး)က ၁၉၆၃ ခုနှစ်တွင် ပထမဆုံးရရှိခဲ့သည်။ ဖလောရင့်စ်နိုက်တင်ဂေးဆုတံဆိပ်ကို မြန်မာနိုင်ငံမှ ဒုတိယမြောက်ရရှိခဲ့သူသည် မူဆယ်ပြည်သူ့ဆေးရုံမှ သူနာပြုဆရာမကြီး ဒေါ်အမ်ယာနမ်ဖြစ်ကာ ၁၉၉၃ ခုနှစ်တွင် ရရှိခဲ့သည်။ တတိယမြောက်ရင် သူသည် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် သောင်သွပ်ကျန်းမာရေး ဌာနခွဲမှ သားဖွားဆရာမ ဒေါ်သိန်းရီဖြစ်ကာ မီးလောင်နေသည့်အိမ်အတွင်းမှ ကလေးငယ်အား အသက်ကို ပဓာနမထားဘဲ ကယ်တင်ခဲ့သဖြင့် ၂၀၀၁ ခုနှစ်တွင် ဆုရရှိခဲ့သည်။

 

မြန်မာနိုင်ငံမှ ဖလောရင့်စ်နိုက်တင်ဂေးဆုကို စတုတ္ထမြောက်ရရှိသူမှာ ဟိုင်းကြီးကျွန်းတိုက်နယ်ဆေးရုံမှ အထက်တန်း သူနာပြု ဦးစနိုင်နိုင်ထွန်းဖြစ်ကာ ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းကာလတွင် ရွပ်ရွပ်ချွံချွံ တာဝန် ထမ်းဆောင်ခဲ့သဖြင့် ၂၀၁၅ ခုနှစ်တွင် ဆုတံဆိပ်ရရှိခဲ့သည်။

 

ကမ္ဘာတစ်ဝန်းရှိ မကျန်းမာသူများနှင့် လူနာများကို ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးရာတွင် ဆရာဝန်များက ကုသမှုကို တာဝန်ယူ၍ သူနာပြုများက ပြုစုစောင့်ရှောက်မှု တာဝန်ကိုယူကြရသဖြင့် သူနာပြုများသည် လူနာများနှင့် ထိတွေ့ချိန် များပြားမြဲဖြစ်သည်။ လူနာကို နီးကပ်စွာ ထိတွေ့ကာ ပြုစုစောင့်ရှောက်ကြရသည့် သူနာပြုများသည် ယေဘုယျအားဖြင့် မေတ္တာ အကြင်နာကြီးမားသူများ ဖြစ်ကြပေသည်။

 

ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ကြရာတွင် သူနာပြုများ၏ အခန်းကဏ္ဍသည် အလွန်ပင် အရေးပါသဖြင့် သူနာပြုများ၏ ဂုဏ်ရည်ကို မြှင့်တင်ရန် နှစ်စဉ် မေလ ၁၂ ရက်နေ့သို့ ရောက်ရှိတိုင်း သူနာပြုနေ့ကို ကျင်းပကြခြင်း ဖြစ်ပေသည်။

 

ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာတစ်ဝန်း၌ ပျံ့နှံ့ကာ နိုင်ငံအချို့၌ လူအများအပြား အသက်ဆုံးရှုံးခဲ့သည်။ ကိုဗစ်-၁၉ ရောဂါကူးစက်ခံ နေရသူများ၊ သံသယလူနာများ၊ ရောဂါပိုး ကူးစက်ခံရမှု ရှိမရှိ စောင့်ကြည့်ခြင်း ခံနေရသူများကို ကျန်းမာရေးဝန်ထမ်းများက ကြည့်ရှု ၊ ကုသ၊ စောင့်ရှောက်မှုများ ပေးနေရချိန်တွင် သူနာပြုများ၏ တာဝန်သည် ပိုမိုကြီးမား များပြား လာခဲ့ပေသည်။ ထို့ကြောင့် စေတနာနှင့်မေတ္တာကို အရင်းခံကာ လူနာများကို သာမက ဘေးဒုက္ခနှင့် ကြုံတွေ့နေရသူများကို စောင့်ရှောက်ပြုစုနေကြသည့် ကမ္ဘာတစ်ဝန်းမှ သူနာပြုများနှင့် သူနာပြုအကူများသည် ဤကမ္ဘာလောကကို အလင်းရောင်ထွန်းလင်းစေသည့် မီးအိမ်ရှင်များပင် ဖြစ်ကြ ပေသည်။ ။

 

ကောင်းစည်သူ