နေပြည်တော် ၁၁ မတ်
"လူမှုဘဝမျှတဖို့ တွဲလက်ညီညီရပ်ကြစို့" ခေါင်းစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့် အရေးဆိုင်ရာကော်မတီဥက္ကဌ ဒေါက်တာ တင်တင်ဝင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦး၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွန်ကြား ရေးမှူးချုပ် ဦးအောင်ကျော်မိုး နှင့် I FES Myanmar မှ Country Director Mr.Paul Guerin တို့က အမှာစကားပြောကြားကြသည်။
ထို့နောက် ရောင်ခြည်သစ်အဖွဲ့အစည်းမှ ဒါရိုက်တာ ဒေါ်ခင်လှက She Leads အမျိုးသမီးစွမ်းအားမြှင့်တင်ရေးအစီအစဉ်၏ လုပ်ဆောင်မှုများ၊ She Leads သင်တန်း သူတစ်ဦးက အမျိုးသမီးများ၏ ဦးဆောင်မှုအခန်းကဏ္ဍနှင့် လုပ်ဆောင်မှုအရေးကြီးပုံ တို့ကို ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် "လူမှုဘဝမျှတဖို့ တွဲလက်ညီညီရပ်ကြစို့" ခေါင်းစဉ်ဖြင့် စကားဝိုင်း အစီအစဉ်ကို ဆက်လက်ကျင်းပခဲ့ပြီး ပဟေဠိအစီအစဉ်နှင့် သရုပ်ဖော်တင်ဆက်ပြသ သည့် အစီအစဉ်များကိုလည်း She leads သင်တန်းသူများက ဆောင်ရွက်ကြသည်။
(သတင်းစဉ်)


