နေပြည်တော် ၁၈ ဖေဖော်ဝါရီ
ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ် (၈၆)၊(၈၇)၊ (၈၈)ကို ယနေ့နံနက် ၈ နာရီတွင် နဝရတ်ခန်းမ၌ ဖွင့်လှစ်ခဲ့ရာ ပါမောက္ခချုပ် ဦးအောင်တင်စိုးက သင်တန်းဖွင့်အမှာစကား ပြောကြားသည်။
ယင်းသင်တန်းဖွင့်ပွဲသို့ ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး)၊ ပြည်သူ့ဝန်ထမ်း အကယ်ဒမီ ကျောင်းအုပ် ကြီး/ဒုတိယပါမောက္ခချုပ်(သင်ကြားရေး)၊ ဌာနကြီးမှူး/ ပါမောက္ခ(ပညာဌာနမှူး)များ၊ ဌာနမှူး/တွဲဖက် ပါမောက္ခများ၊ ကထိကများ၊ သင်တန်းမှူးများ၊ ဌာနခွဲမှူးများ၊ လက်ထောက် ကထိကများ၊ နည်းပြများနှင့် အရာထမ်းငယ်အခြေခံ သင်တန်းအမှတ်စဉ်(၈၆)၊(၈၇)၊(၈၈)သို့ တက်ရောက်ကြသည့် ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့မှ ဒုတိယဦးစီးမှူးအဆင့်ရှိ သင်တန်းသား(၁၆၇)ဦး၊ သင်တန်းသူ(၂၂၄)ဦး စုစုပေါင်း (၃၉၁)ဦး တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ရက်သတ္တ(၄)ပတ်ကြာမြင့်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


