နေပြည်တော် အောက်တိုဘာ ၂၂
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် အရှေ့မြောက် တိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင် ကျောင်းသား ကျောင်းသူများအား (ဒုတိယအကြိမ်)ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား ကျောင်းသူ ၃၂၁ ဦးအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများကိုလည်းကောင်း၊ ဆရာ ဆရာမ ၁၂၅ ဦးအတွက် ကျောင်းဝတ်စုံများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
အလားတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီး၌လည်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းဝတ်စုံနှင့် စာရေး ကိရိယာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


