နေပြည်တော်  ၂၈  ဖေဖော်ဝါရီ  

 

အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်တင်သွင်းရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်း ရေးကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

 

11

 

အစည်းအဝေးတွင် အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်တင်သွင်းရောင်းချမှု ဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်ထူးက  ကော်မတီ အနေဖြင့် ပထမဆုံးအကြိမ် အစည်းအဝေးကျင်းပခြင်းဖြစ်၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးပေးရန်လိုကြောင်း၊ ထို့အပြင် ယစ်မျိုးဥပဒေ(မူကြမ်း)အပေါ် သဘော ထားမှတ်ချက်ပေးရမည်ဖြစ်၍ မူကြမ်းအပေါ် အကြံပြုဆွေးနွေးတင်ပြပေးရန်လိုကြောင်း ပြောကြားသည်။

 

ထို့နောက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များ နှင့်တာဝန်ရှိသူများက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက တင်ပြချက် များအပေါ် ဆွေးနွေးပြောကြားသည်။

 

(သတင်းစဉ်)