ရန်ကုန် အောက်တိုဘာ ၃၀

 

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ဗိုလ်မှူးချစ်လွင်(အငြိမ်းစား)နှင့် လသာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ဒုတိယအရာခံဗိုလ်အောင်မြင့်(အငြိမ်းစား)တို့အား ရန်ကုန်တိုင်းဒေသကြီး (စည်ပင်အတွင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ယမန်နေ့တွင် အသက် (၁၀၀) ပြည့် ဂါရဝပြု ဂုဏ်ပြုချီးမြှင့်ငွေများ သွားရောက် ပေးအပ်ကြသည်။

 

ဦးစွာ တာဝန်ရှိသူများက အသက် (၁၀၀) ပြည့် ဗိုလ်မှူးချစ်လွင် (အငြိမ်းစား)နှင့် ဒုတိယအရာခံ ဗိုလ်အောင်မြင့်(အငြိမ်းစား)တို့အား ဂါရဝပြုနှုတ်ဆက်စကားပြောကြားပြီး မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ဗဟိုဌာနချုပ် ရန်ကုန်တိုင်းဒေသကြီး(စည်ပင်အတွင်း) စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့၊ အင်းစိန်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့နှင့် လသာမြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့တို့က ပေးအပ်ချီးမြှင့်သည့် ဂုဏ်ပြု ချီးမြှင့်ငွေများကို ဂါရဝပြုပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်