၁၈ အောက်တိုဘာ
အစိုးရ နှင့် အတိုက်အခံအုပ်စုများအကြား ရင်ကြားစေ့ရေး သဘောတူညီမှု တစ်စိတ်တစ်ဒေသအနေဖြင့် အကျဉ်းထောင်မှ အတိုက်အခံအကျဉ်းသား ၂၄ ဦး လွှတ်ပေးမည် ဖြစ်ကြောင်း ဗင်နီဇွဲလား ရှေ့နေချုပ် တာရတ်ခ် ဝီလီယမ် ဆာဘ် က ယမန်နေ့ က ကြေညာခဲ့သည်။
အဆိုပါ အကျဉ်းသားများသည် ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ် အစိုးရ ဆန့်ကျင်သည့် အကြမ်းဖက်ဆန္ဒပြပွဲများအတွင်း ပြစ်မှုကျူးလွန်သူများ ဖြစ်ကြသည်။
ယခုနှစ်အထိ အမှန်တရားကော်မရှင်၏စုံစမ်းစစ်ဆေးမှုများအရ အမျိုးသားလွှတ်တော် ဒုတိယ ဉက္ကဌ အက်ဂါ ဇမ်ဘရာနို အပါအဝင် ၂၉ ဦးကို လွှတ်ပေးခဲ့သည်။
အကြမ်းဖက်ဆန္ဒပြပွဲတွင် ပါဝင်သူ ၂၂၂ ဦး ကို ၂၀၁၇ ခုနှစ်က လွှတ်ပေးခဲ့သည်ဟု ဆာဘ်က ဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


