အုတ်တွင်း ၁၇ မတ်
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့တွင် ယနေ့ နံနက် ၇ နာရီက ဗိုလ်ချုပ်ကြေးရုပ်တု တင်ခုံနှင့် ရင်ပြင်တည်ဆောက်ရေး ပန္နက်တင် မင်္ဂလာအခမ်းအနားကို ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိ်ုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖြစ်မြောက်ရေးကော်မတီဝင်များနှင့် ရပ်မိရပ်ဖများက မင်္ဂလာအချိန် ကျရောက်သောအခါ ပန္နက်တင်ခြင်းတို့ကို ပြုလုပ်ပြီး အမွေးနံ့သာရေများဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။
အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်တု တင်ခုံနှင့် ရင်ပြင်တည်ဆောက်ရေးလုပ်ငန်းကို ငွေကျပ်သိန်း (၂၀ဝ) ဖြင့် ကြယ်နီမိသားစုမှ ငွေကျပ်သိန်း(၁၅၀) မတည်လှူဒါန်းမည်ဖြစ်ပြီး မြို့သူ နယ်သားများနှင့် မြို့နယ်စည်ပင်တို့ ပေါင်းစည်း၍ ပြည်သူ့ပန်းခြံပါ တည်ဆောက်မည် ဖြစ်ပါသည်။
ဗိုလ်ချုပ်ကြေးရုပ်တုနှင့် ပြည်သူများ အနားယူအပန်းဖြေနိုင်မည့် ပြည်သူ့ပန်းခြံအတွက် ကုန်ကြငွေ စုစုပေါင်း ကျပ်သိန်း (၅၀ဝ)ခန့် အကုန်အကျခံ တည်ဆောက်မည်ဖြစ်ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


