အုတ်တွင်း အောက်တိုဘာ ၂၂

 

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဆောင်းဆီထွက်သီးနှံ မြေပဲစိုက်ပျိုးမည့် အသင်းလေးသင်း၊ အသင်းသား ၁၉၀ ၏ စိုက်ဧက ၁၀၀၀ အတွက် အသင်းပိုင်အစီအစဉ်ဖြင့် သီးနှံပေါ်ပေးစနစ် တစ်ဧကလျှင် ငွေကျပ် ၃၀၀၀၀၀ နှုန်းနှင့်ညီမျှသော မြေပဲမျိုးနှင့် သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အုတ်တွင်းမြို့နယ် သမဝါယမအသင်းစု ရုံးခန်းမ၌ ကျင်းပသည်။

 

ဆက်လက်၍ အုတ်တွင်းမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ထားထားအေးက ဆောင်းဆီထွက်သီးနှံ(မြေပဲ) စိုက်ပျိုးမှု ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် စနစ်တကျ ဆောင်ရွက်ရမည့် စိုက်ပျိုးရေးဆိုင်ရာ နည်းလမ်းများကို ဆွေးနွေးပြောကြားပြီး မြို့နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေး ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက သမဝါယမ အသင်းသားတောင်သူများအတွက် မြေပဲမျိုးနှင့် သွင်းအားစုများ ပေးအပ်ခဲ့ကြောင်း သိရသည်။     

 

သတင်းစဉ်