ဘားအံ ၁၇ မတ်

ကရင်ပြည်နယ် ဘားအံမြို့နယ် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု သင်တန်းကျောင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကို မတ် ၁၆ ရက် နံနက် ၉ နာရီက အဆိုပါ သင်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ကရင်ပြည်နယ် ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဆန်းက ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်နိုင်ရန်နှင့် စက်မှုလုပ်ငန်းများကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရန်၊ လျော့နည်းသက်သာစေရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။ 

အဆိုပါဟောပြောပွဲသို့ စက်မှုလက်မှုသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်နေသော သင်တန်းသား/ သင်တန်းကြီးကြပ် (၁၀ဝ)ခန့် တက်ရောက်ခဲ့ကြောင်း ခရိုင်(ပြန်/ဆက်)မှ သိရသည်။

MDN