ထွန်းသစ်စ

 

ဘာလင်တံတိုင်းပြိုကျတဲ့ နှစ် ၃၀ ပြည့်အခမ်းအနားကျင်းပပြီးနောက် ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်က ဒီမိုကရေစီနဲ့လွတ်လပ်မှုကို ကာကွယ်ဖို့ ဥရောပကို တိုက်တွန်းလိုက်ပြီး ဒီဖြစ်စဉ် အပေါ် လွယ်လွယ်သဘောမထားကြဖို့လည်း သတိပေးပြောကြားလိုက်ပါတယ်။ အရှေ့နဲ့ အနောက် ပိုင်းခြားထားတဲ့ “Death Strip” ပေါ်မှာ တည်ထားတဲ့ ဘုရားရှိခိုးကျောင်းမှာ အလေးအနက် ကျင်းပတဲ့ ဒီလိုအခမ်းအနားမှာ ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်က ဘာလင်တံတိုင်းက မိမိတို့ကို လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် လုပ်ဆောင်ကြဖို့ လိုတယ်ဆိုတာ သတိပေးနေတာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ထိလွယ်ရှလွယ်အခြေအနေဖြစ်ပေါ်

ဥရောပရဲ့ တန်ဖိုးကို တည်ဆောက်ပြီး ဖြစ်ကြောင်း၊ သက်သေပြရန် မလိုအောင် သိသာထင်ရှားနေပြီဖြစ်ကြောင်း မာကယ်က ဆိုပါတယ်။ သူတို့က အမြဲတမ်း တည်ရှိ နေမှာဖြစ်ပြီး အသစ်အသစ်သော အရာတွေ ကို ခုခံတွန်းလှန်ပြီး တည်ရှိနေဦးမှာ ဖြစ် တယ်လို့ ဥရောပတိုက်သူ တိုက်သားတွေကို မာကယ်က ပြောလိုက်ပါတယ်။

၁၉၈၉ ခုနှစ် နိုဝင်ဘာ ၉ ရက်မှာ အရှေ့ ဂျာမန်နယ်ခြားစောင့်တပ်က အနောက် ဘာလင်အတွက် ဂိတ်တံခါးကို ဖွင့်ပေးခဲ့ပါ တယ်။ အဲဒီလိုလုပ်တာဟာ ဘာလင်တံတိုင်း တည်ဆောက်ပြီးတဲ့အချိန်ကတည်းက ပထမ ဆုံးအကြိမ် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

သမိုင်းမှတ်တမ်းတင်နိုင်တဲ့ ဒီလိုအရေး ကြီးတဲ့ အဖြစ်အပျက်တွေဟာ ကွန်မြူနစ် အုပ်ချုပ်ရေးစနစ် ပျက်သုဉ်းမှုနဲ့အတူ အဆုံး သတ်ခဲ့ပြီး တစ်နှစ်အကြာမှာတော့ ဂျာမန် ပြန်လည်ပေါင်းစည်းရေးကို ဦးတည်လာခဲ့ပါ တယ်။

သမိုင်းကဏ္ဍရဲ့လက္ခဏာရပ်တွေပါဝင်တဲ့ လစ်ဘရယ်ဒီမိုကရေစီဟာ ဆယ်စုနှစ် သုံးစု လောက် ပျောက်ကွယ်သွားခဲ့ပါတယ်။ ယခင် အရှေ့တိုင်းနိုင်ငံတွေဖြစ်တဲ့ ဟန်ဂေရီနဲ့ ပိုလန် နိုင်ငံတို့ကို တရားဥပဒေစိုးမိုးရေးကို စိန်ခေါ် နေတယ်ဆိုပြီး ဘရပ်ဆဲလ်က စွပ်စွဲလိုက်တဲ့ အခါမှာတော့ ဥရောပသမဂ္ဂမှာ ထိလွယ်ရှလွယ် အခြေအနေတွေ ဖြစ်ပေါ်လာခဲ့ပါတော့ တယ်။

ငြိမ်းချမ်းတဲ့တော်လှန်ရေးကိုဆင်နွှဲ

ဒေသတွင်းမှာတော့ ဂျာမနီနိုင်ငံဟာ လက်ယာစွန်းဝါဒ မြင့်တက်လာမှုတွေကို ရင်ဆိုင်နေရပါတယ်။ ဒါကလည်း အမျိုးသား ရေးဝါဒီနဲ့ ပြည်တွင်းလာရောက်နေထိုင်ခြင်းကို ဆန့်ကျင်တဲ့နေရာမှာ စံချိန်တင်ရလောက်တဲ့ အရင်ကွန်မြူနစ်နိုင်ငံကြီးရဲ့ အမွေတွေအမြစ် တွယ်လာတဲ့သဘောပဲ ဖြစ်ပါတယ်။

ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်က အတိတ်ကို သင်ခန်းစာအဖြစ် မှတ်သားနာယူ ဖို့ ပြောပါတယ်။ ဘာလင်တံတိုင်းပြိုကျခြင်း ဟာ သမိုင်းဖြစ်ပြီး မိမိတို့ကို ဘာသင်ခန်းစာ တွေပေးသလဲဆိုရင် ဘယ်တံတိုင်းမှ လူတွေကို ခွဲခြားမထားနိုင်သလို လွတ်လပ်မှုတွေကိုလည်း ခွဲခြားလို့ရနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ လွတ်လပ်မှုဆိုတာ တကယ့်ကို မြင့်မားပြီး နက်ရှိုင်းတဲ့အရာဖြစ်တဲ့အတွက် ချိုးဖျက်ဖို့ရာ လွယ်ကူမှာ မဟုတ်ဘူးလို့လည်း သူက ပြော လိုက်ပါတယ်။

ဒီသဘောတရားကတော့ အရှေ့နဲ့ အနောက်မှာရှိနေတဲ့ ကျွန်မတို့အားလုံးအပေါ် အတူတူသက်ရောက်ပါတယ်လို့ မာကယ်က ပြောပါတယ်။ ကျွန်မတို့ဟာ ဘယ်လိုမျိုး အကြောင်းပြချက်မျိုးမဆို ကြံ့ကြံ့ခံရပ်တည် သွားကြဖို့လိုပြီး လွတ်လပ်မှုနဲ့ ဒီမိုကရေစီ အတွက် ကြိုးစားဆောင်ရွက်ဖို့ လိုတယ်လို့ လည်း မာကယ်က ဆက်လက်ပြောပါတယ်။

ဖြူလွှလွှကောင်းကင်အောက်မှာ သမ္မတ ဖရန့်ခ်-ဝေါတာစတိန်မီးယားနဲ့အတူ တခြား သမ္မတတွေဖြစ်ကြတဲ့ ပိုလန်၊ ဟန်ဂေရီ၊ ချက်၊ ဆလိုဗက်ကီးယားတို့မှ သမ္မတတွေဟာ ဘာလင်တံတိုင်းတစ်နေရာမှာ နှင်းဆီပန်းတွေ ချခဲ့ကြပါတယ်။ စတိန်မီးယားက ကွန်မြူနစ် အုပ်ချုပ်ရေးကျဆုံးစေတဲ့ ငြိမ်းချမ်းတဲ့ တော် လှန်ရေးကို ဆင်နွှဲခဲ့ကြတဲ့ ဥရောပတိုက်သား တွေရဲ့အခန်းကဏ္ဍကို မီးမောင်းထိုးပြခဲ့ပါတယ်။

ဝါးလုံးရှည်ကြီးနဲ့ယမ်း

သမ္မတ စတိန်မီးယားက ဂျာမနီမှာ ကျွန်တော်တို့ ငြင်းခုံဆွေးနွေးမှုတွေ ပြုလုပ် ကြပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့တွေ ဂျာမန်ပြန်လည်ပေါင်းစည်းရေးနဲ့ သူ့ရဲ့ အကျိုး ဆက်တွေနဲ့ ပတ်သက်ပြီး အရင်ကထက် ပိုပြီး ငြင်းခုံဆွေးနွေးမှုတွေ ပိုလုပ်ကြပါတယ်လို့ သူက ဥရောပတိုင်းသားဧည့်သည်တွေကို ပြော ပါတယ်။

ဥရောပမှာလည်း အတူတူပဲ။ အခြားတိုင်း နိုင်ငံတွေမှာလည်း အတူတူပဲ။ ဥရောပအဖွဲ့ အစည်းတွေကြားထဲမှာလည်း အတူတူပဲ။ ဥရောပရဲ့ အနာဂတ်အတွက်သာမက အတိတ် ကို အနက်ဖွင့်ရာမှာလည်း တကယ့်ကို လေး လေးနက်နက် အကောင်အထည်ဖော်ရမှာဖြစ် တယ်လို့ သမ္မတစတိန်မီးယားက ပြောပါတယ်။ ဟိုးအရင် အရှေ့နဲ့ အနောက်နိုင်ငံတွေကြား မှာ မတူညီမှုတွေဟာ ပြန်လည်ပေါ်ပေါက်စရာ မရှိတော့ဘူးလို့ သမ္မတ စတိန်မီးယားက ဆိုပါ တယ်။

သမိုင်းကြောင်းပြောင်းလဲမှု သို့မဟုတ် ဘာလင်တံတိုင်းပြိုကျတဲ့ နှစ် ၃၀ ပြည့်နှစ်ပတ် လည်အခမ်းအနားမတိုင်မီ နှစ်ရက်လောက် က ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်နေတိုးအဖွဲ့ဟာ ဦးနှောက်ပျက်စီးနေသလို ဥရောပကိုယ်တိုင်က လည်း ကြိုးတန်းပေါ် လမ်းလျှောက်နေသလို တစ်ခုခုဖြစ်တော့မယ့် အနေအထားပါလို့ ပြော လိုက်ပါတယ်။ ဒီအပေါ် မာကယ်ကတော့ အခု လိုမျိုး ဝါးလုံးအရှည်ကြီးနဲ့ သိမ်းကျုံးယမ်းတဲ့ ဖော်ပြမှုမျိုးကို မလုပ်သင့်ဘူးလို့ ပြောလိုက်ပါ တယ်။

အာဏာပြိုင်မှုတွေ အားကောင်းလာ

ဒီနေ့လိုမျိုးအခမ်းအနားဟာ ဟိုးအရင် ဆိုဗီယက်ခေါင်းဆောင် မီခေးလ်ဂိုဗာချော့ဗ်နဲ့ ပိုလန်သမ္မတဟောင်းလည်းဖြစ်၊ လွတ်လပ်မှု ရှေ့ဆောင်လည်းဖြစ်တဲ့ လိခ်ျဝေါဆာတို့နဲ့တော့ မတူသလို စစ်အေးခေတ်တုန်းက ခေါင်းဆောင် တွေလည်း အခုလို နှစ် ၃၀ မြောက်အခမ်းအနား ကို မတက်ရောက်နိုင်တော့ပါဘူး။

ဒီဘက်ခေတ်မှာတော့ အမေရိကန်သမ္မတ ရဲ့အမေရိကန်သည်သာ ပထမဟူသည့် မူဝါဒ၊ ဗြိတိန်ရဲ့ ဘရက်ဇစ်ဒုက္ခနဲ့ ရုရှားရဲ့ ပြန်လည် နိုးထလာမှုတွေဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်ဆံရေးမှာ အနည်းငယ်အဆင်မချောမှု လေးတွေ တွေ့လာရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန် ပီအိုရဲ့ခရီးစဉ်ဟာလည်း လွန်ခဲ့တဲ့ ရက်အနည်း ငယ်က ပြီးခဲ့ပါပြီ။ မက်ခရွန်ရဲ့ခရီးစဉ်ကတော့ နိုဝင်ဘာ ၁၁ ရက်မှာ စတင်ခဲ့တယ်လို့ သိရပါ တယ်။ မိုက်ပွန်ပီအိုက ဒီလိုအခမ်းအနားမျိုး ကျင်းပနိုင်ခဲ့သလို မိမိတို့အနေနဲ့ လွတ်လပ်မှု ဆိုတာ အမြဲတမ်း အာမခံပေးလို့ရတဲ့အရာ မဟုတ်ဘူးဆိုတာကို သိနေရမယ်လို့ ပြောပါ တယ်။ ဒီဘက်ခေတ်မှာ အာဏာပြိုင်မှုတွေဟာ နောက်ထပ်တစ်ခါ ထပ်မံအားကောင်းလာနေ ပြန်ပြီလို့ သူက ပြောပါတယ်။

နိုင်ငံရေးပြောင်းလဲမှုတွေဟာ အမြဲတည် ငြိမ်မှုမရှိဘဲ ရွေ့လျားနေမယ့်သဘော၊ ဒီနေ့မှာ ဒီလိုဖြစ်နေပေမယ့် နောက်နေ့ကျရင် နောက် တစ်မျိုး ပြောင်းလဲကောင်း ပြောင်းလဲနိုင်တယ် ဆိုတဲ့ သဘောတရားကိုလည်း သူက မီးမောင်း ထိုးပြလိုက်ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ဘာလင် တံတိုင်းပြိုကျတဲ့ နှစ် ၃၀ ပြည့်အခမ်းအနား ကျင်းပပြီးနောက် ဂျာမနီဝန်ကြီးချုပ် အင်ဂျ လာမာကယ်ပြောခဲ့သလိုပဲ လွတ်လပ်မှုနဲ့ ဒီမို ကရေစီအတွက် တန်ဖိုးထားလုပ်ဆောင်သွား ဖို့ လိုတယ်လို့ ရှုမြင်မိရင်း။ ။

ကိုးကား - အေအက်ဖ်ပီ

မြန်မာ့အလင်း