၃ စက်တင်ဘာ
ဘဟားမားနိုင်ငံမှာ တနင်္ဂနွေနေ့က တိုက်ခတ်ခဲ့တဲ့ ဒေါ်ရီယန် ကြောင့် ဟာရီကိန်း ဒဏ်အပြင်းအထန်ခံစားခဲ့ရတဲ့ အက်ဘာကိုကျွန်းမှာ လူအသေအပျောက်ရှိပြီး အိမ်ခြေ အနည်းဆုံး ၁၃၀ဝ၀ ဟာ ပျက်စီးခဲ့ကြောင်း ကမ္ဘာ့ကြက်ခြေနီအဖွဲ့က အတည်ပြုပြောကြားပါတယ်။
ဟာရီကိန်း အဆင့်၅ ရှိ ဒေါ်ရီယန်ဟယ ဘာဟားမားနိုင်ငံကို တိုက်ခိုက်အပြီး ဝန်ကြီးချုပ် ဟူးဘတ် မင်းနစ်က ဟာရီကိန်းကြောင့် သမိုင်းဝင်တဲ့ဝမ်းနည်းစရာကောင်းတဲ့အခြေအနေဖြစ်သွားပြီ။ ဟာရီကိန်းဒဏ်ခံခဲ့ရတဲ့ အက်ဘာကို ကျွန်းကို ကယ်ဆယ်ရေးအဖွဲ့တွေ အမြန်ဆုံးရောက်ရှိအောင် လုပ်ဆောင်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဒီကနေ့ ပြောသွားပါတယ်။
အက်ဘာကိုမှာ နေထိုင်တဲ့ အသက်ရှင်လျက်ကျန်ရစ်သူတွေက နေအိမ်တွေရဲ့ မျက်နှာကျက်တွေပေါ်မှာ နေထိုင်ရတဲ့အတွက် လာရောက်ကယ်ဆယ်ဖို့ အကူအညီတောင်းထားတဲ့ ဖုန်းနဲ့ စာပို့ထားတာကို AFP သတင်းဌာနက ဖတ်ခဲ့ရပါတယ်။
ဘဟားမားနိုင်ငံတဝှမ်းကို ဒေါ်ရီယန် ဟာရီကိန်း ဟာ တနင်္ဂနွေနေ့ကစပြီး တနင်္လာနေ့အထိ တိုက်ခိုက်မှာဖြစ်တယ်။ မိုးကလည်း တချို့နေရာတွေမှာ ၂၅ လက်မအထိ ရွာသွန်းနိုင်တဲ့အတွက် ၁၀ ပေကနေ ၁၅ ပေအထိ ရေလျှံမှုတွေလည်း ဖြစ်နိုင်ကြောင်း ဟာရီကိန်းစင်တာ (NHC)က ခန့်မှန်ထားခဲ့ပါတယ်။
ဒေါ်ရီယန်ဟာ တစ်နာရီကို ၁၈၅ မိုင် (၂၉၀ ကီလိုမီတာ) နှုန်းနဲ့ တိုက်ခတ်ခဲ့ပေမယ့် ဟာရီကိန်းဟာ အဆင့် ၄ ကို လျော့ကျသွားပြီး တစ်နာရီကို ၁၅၀ မိုင်နှုန်းအထိ အားပျော့သွားဖို့ရှိတယ်လို့ (NHC)ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ သတင်းအရသိရပါတယ်။
ဒေါ်ရီဟာဟာ အမေရိကန်နိုင်ငံ ဖရော်ရေဒါ၊ ဂျော်ဂျီယာ နဲ့ ကာရိုလိုင်းနာပြည်နယ်ရဲ့ အမြောက်ပိုင်းနဲ့ တောင်ပိုင်းတို့ကို ရွှေ့လျားသွားမှာ ဖြစ်တဲ့အတွက် အဲဒီဒေသတွေမှာ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။
MDN
ကိုးကား - AFP


