ဘီးလင်း အောက်တိုဘာ ၃၁
မွန်ပြည်နယ်၌ ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့က အထက(ရွှေလှေ) ၌ ပြုလုပ်သည်။
ဦးစွာ ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ရွှေလှေနယ်မြေ မီးသတ်စခန်းမှူး ဦးမင်းမင်းအောင်က ကျောင်းသား ကျောင်းသူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောသည်။
ထို့နောက် မြို့နယ် ရွှေလှေနယ်မြေ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ပုံများကို လက်တွေ့ သရုပ်ပြသသည်။
အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသခြင်းကို အထက (ရွှေလှေ) ကျောင်းအုပ်ဆရာကြီး ဦးတင်ထွဋ်လွင်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက မီးဘေးလက်တွေ့သရုပ်ပြခြင်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


