၂၁ နိုဝင်ဘာ

ဘိုလီးဗီးယားကြားဖြတ်သမ္မတ ဂျီးနင်း အေနက်ဇ်က အထွေထွေရွေးကောက်ပွဲ ကျင်းပရန်အတွက် ဥပဒေကို အတည်ပြုပေးရန် လွှတ်တော်ကို ဗုဒ္ဓဟူးနေ့က တင်ပြလိုက်ပါတယ်။ အောက်တိုဘာ ၂၀ ရက်နေ့က ထွက်ပေါ်လာတဲ့ အထွေထွေရွေးကောက်ပွဲ ရလဒ်ဟာ အငြင်းပွားစရာဖြစ်ပြီးနောက် မငြိမ်သက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေရာ လူပေါင်း ၃၂ ဦး သေဆုံးပြီးဖြစ်ပါတယ်။

အီဗို မိုရဲလက်စ် က နိုဝင်ဘာလ ၁၀ ရက်နေ့မှာ  သမ္မတရာထူးက နှုတ်ထွက်ပြီး  မက္ကဆီကို နိုင်ငံကို ထွက်ခွာသွားပါတယ်။ သမ္မတဟောင်း မိုရဲလက်စ်က သူ့ကိုထောက်ခံတဲ့ ဌာနေတိုင်းရင်းသားတွေ  ဘိုလစ်ဗီးယား လုံခြုံရေးတပ်ဖွဲ့က သတ်ဖြတ်ခဲ့တဲ့အတွက် လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်သူလို့ စွပ်စွဲပြီး နိုင်ငံတကာကိုလည်း အရေးယူမှုတွေ လုပ်ဆောင်ရန် တောင်းဆိုလိုက်ပါတယ်။

အစိုးရက သမ္မတဟောင်း မိုရဲလက်စ်ရဲ့ အသံဖိုင်လို့ယူဆရတဲ့ အသံဖိုင်တစ်ဖိုင်ကို လူထုထံလွှင့်ထုတ်ခဲ့ပါတယ်။ အဲဒီအသံဖိုင်မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ လမ်းတွေကို ပိတ်ဆို့ပြီး ဆန့်ကျင်ဖို့ ပြောဆိုထားပါတယ်။ မိုရဲလက်စ်ကို ထောက်ခံသူတွေက စိုက်ပျိုးရေးဒေသတွေကနေ မြို့တော် လာပတ်ဇ် နဲ့ တခြားမြို့ကြီးတွေကို ဆက်သွယ်ထားတဲ့ လမ်းမတွေကို သီတင်းပတ်များစွာ ပိတ်ဆို့ထားခဲ့တဲ့အတွက် အစားအစာနဲ့ လောင်စာဆီ ပြတ်လပ်မှုတွေ ဖြစ်ခဲ့ပါတယ်။

ဘိုလီးဗီးယားတရားရေးဝန်ကြီး က လွှတ်တော်ကနေ သမ္မတတင်သွင်းတဲ့ ဥပဒေကို အမြန်ဆုံးအတည်ပြု မယ်လို့ မျှော်လင့်ကြောင်း၊ အတည်ပြုပြီး ၁၅ ရက်အတွင်း ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ရွေးချယ်ပြီး ကြေညာမှာ ဖြစ်တယ် ပြောဆိုပါတယ်။

MDN

ကိုးကား - AFP