၁၇ အောက်တိုဘာ 

 

ဘရာဇီးနိုင်ငံတွင် လူနေအဆောက်အအုံ ပြိုကျမှုဖြစ်ပွားရာ သေဆုံးသူ နှစ်ဦး ရှိပြီဖြစ်ကြောင်း အာဏာပိုင်များက ယမန်နေ့က ပြောကြားခဲ့သည်။ 

 

လူကိုးဦးထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်သဖြင့် ကယ်ဆယ်ရေးသမားများက အုတ်ကျိုးအုတ်ပဲ့ကို ဖယ်ထုတ်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။ 

 

အခြားကိုးဦးမှာ အသက်ရှင် လွတ်မြောက်ခဲ့သည်။ ထိခိုက်သေဆုံးသူ အများစုသည် ယမန်နေ့ မနက်ပိုင်းက ပြိုကျခဲ့သော အဆောက်အအုံတွင် နေထိုင်သူများ ဖြစ်ကြသည်။ 

 

အပေါ်ဆုံးထပ်တစ်ထပ် အပါအဝင် အခန်း ၁၃ ခန်းပါ ထိုခုနစ်ထပ် အဆောက်အအုံကို ၁၉၇၀ ပြည့်နှစ်က တည်ဆောက်ခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ အဆောက်အအုံသည် ပုံမှန်ခွင့်ပြုချက်နှင့် လိုင်စင်တို့ မပါရှိပဲ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ဆောက်လုပ်ရေး မှတ်ပုံတင်ထားခြင်း မရှိကြောင်း ဒေသခံအာဏာပိုင်များ ပြောကြားချက်အရ သိရသည်။ 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို