ရီယိုဒီဂျနေးရိုး ဇန်နဝါရီ ၁၁
ဘရာဇီးနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၄၃၈၂ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂၂၅၂၃၉၀၇ ဦးရှိလာကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၉ ရက်တွင် ပြောကြားသည်။
ထို့ပြင် ဘရာဇီးနိုင်ငံ၌ ကိုဗစ်၁၉ ရောဂါကြောင့် သေဆုံးသူ ၄၄ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ စတင်တွေ့ရှိ ပြီးနောက်ပိုင်း အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၆၁၉၉၈၁ ဦး ရှိလာကြောင်း ဘရာဇီးကျန်းမာရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။ ။
ဘရာဇီးနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုတွင် အမေရိကန်နိုင်ငံပြီးလျှင် ဒုတိယ အများဆုံးနိုင်ငံဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွင်မူ အမေရိကန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏နောက်တွင် တတိယအများဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။
ကိုးကား-စီအင်န်အေ
ဘာသာပြန်-အလင်းသစ်


