၁၈ အောက်တိုဘာ

 

ဗြိတိန်နိုင်ငံဟာ ဥရောပသမဂ္ဂကနေ နှုတ်ထွက်ရေးအတွက် သဘောတူညီချက်အသစ်ကို ဒီကနေ့(သောကြာနေ့)မှာ လွှတ်တော်အမတ်တွေ သဘောတူညီအောင် ဝန်ကြီးချုပ်အနေနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ဘရစ်ဇစ်သဘောတူညီချက်အသစ်ကို ဥရောပသမဂ္ဂဘက်ကတော့ သဘောတူပြီး ဖြစ်ပါတယ်။

 

1

 

အဲဒီသဘောတူညီချက်အသစ်ကို စနေနေ့မှာ အထူးအစည်းအဝေးခေါ်ယူပြီး ဗြိတိန်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။ လွှတ်တော်အမတ်အများစုကတော့ သဘောမတူဘူးဖြစ်နေပါတယ်။

 

မနေ့ညနေပိုင်းက ပြုလုပ်တဲ့ ဘရက်ဆဲမြို့က သတင်းစာရှင်းလင်းပွဲမှာ ဗြိတိန်ဝန်ကြီးချုပ်ဘောရစ် ဂျွန်ဆင်က သူ့အနေနဲ့ ဘရစ်ဇစ်သဘောတူညီဖြစ်မယ်လို့ လုံးဝယုံကြည်ကြောင်း ပြောကြားသွားပါတယ်။ ဝန်ကြီးချုပ်က ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံဟာ  အောက်တိုဘာ ၃၁ ရက်နေ့မှာ ထွက်မယ်လို့ ဆက်လက်ပြောဆိုနေဆဲ ဖြစ်ပါတယ်။

 

မြောက်အိုင်ယာလန် ဒီမိုကရက်တစ်ပါတီ (DUP) က ဝန်ကြီးချုပ်ဂျွန်ဆင်ရဲ့ သဘောတူညီချက်ကို သဘောမတူဘူးလို့ ပြောထားပြီးဖြစ်ပါတယ်။ DUPရဲ့ မဲဟာ ဗြိတိန်လွှတ်တော်မှာ ဘရစ်ဇစ်ကို အောက်တိုဘာ ၃၁ ရက်နေ့မှာ ပြီးဆုံးရန်အတွက် အဓိက အရေးကြီးနေရာမှာပါဝင်နေပါတယ်။

 

1

 

ဝန်ကြီးချုပ်ရဲ့ သဘောတူညီချက်အသစ်ကို ထောက်ခံမဲရရှိရေးအတွက် ဝန်ကြီးအနေနဲ့ အုပ်စုသုံးစုကို အဓိကထား ဆွဲဆောင်ဖို့ လိုအပ်နေပါတယ်။ ပထမအုပ်စုကတော့ ဝန်ကြီးချုပ်ပါတီဝင် ဘရစ်ဇစ်သဘောတူညီချက်နဲ့ ပတ်သတ်ပြီး တချိန်လုံး ကန့်ကွက်မဲပေးနေတဲ့ အမတ်များ ၊ ဒုတိယအုပ်စုက ဝန်ကြီးချုပ်ပါတီကနေ နှုတ်ထွက်ပြီး လွတ်လပ်တဲ့စွာ ရပ်တည်နေတဲ့အမတ်များ နဲ့ ဝန်ကြီးချုပ်က သူ့ကို မထောက်ခံလို့ ပါတီကနေ ထုတ်ပစ်ခဲ့တဲ့ အမတ် ၂၁ ဦး၊ တတိယအုပ်စုကတော့ အလုပ်သမားအခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ရေးရာကာကွယ်ရေးကို စိုးရိမ်နေတဲ့ အတိုက်ခံလေဘာပါတီဝင် အမတ်တွေ ဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP