ဘန်ဒါဆီရီဘီဝါဝမ် ဩဂုတ် ၁၃
ဘရူနိုင်းနိုင်ငံ မြို့တော် ဘန်ဒါဆီရီဘီဝါဝမ်အနီး ကမ်ပေါင်ဘီလမ်ဘင်းဂ်ကျေးရွာတွင် ၃၀ မဂ္ဂါဝပ်ရှိ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၁၁ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
ယင်းမှာ ဘရူနိုင်းနိုင်ငံ၏ သန့်ရှင်းသော စွမ်းအင်ရည်မှန်းချက်အတွက် အဓိကခြေလှမ်းတစ်ရပ်ဖြစ် ကြောင်း ဘရူနိုင်းနိုင်ငံ၏ နေ့စဉ်ထုတ် Borneo Bulletin သတင်းစာတွင် ဖော်ပြထားသည်။ အဆိုပါစီမံကိန်းကို ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်လည်ပတ်နိုင်ရန် စီစဉ်ထားကြောင်း၊ ယင်းစက်ရုံမှ ထုတ်လုပ်ပေးနိုင်မည့် လျှပ်စစ်ဓာတ်အား စုစုပေါင်းက အိမ်ခြေ ၁၅၅၀၀ ကျော်ကို လျှပ်စစ်ဓာတ်အားပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစက်ရုံသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းအပြင် သစ်ပင်ပေါင်း ၁ ဒသမ ၈၇ သန်း စိုက်ပျိုးခြင်းနှင့် ညီမျှသော နှစ်စဉ်ခန့်မှန်းခြေ ကာဗွန်ဒိုင်အောက်ဆိုက်တန် ၄၁၀၀၀ ကို လျှော့ချ ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဘရူနိုင်းနိုင်ငံသည် ဘော်နီယိုကျွန်း၏ မြောက်ဘက်အပိုင်းတွင် တည်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အပူပိုင်းဇုန်တွင် တည်ရှိသောကြောင့် သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝကြောင်း သိရသည်။
ဆင်ဟွာ


