နေပြည်တော် ၁၈ မတ်
စစ်ကိုင်းတိုင်း ဒေသကြီး၊ ဘုတလင်မြို့နယ်၊ သခွတ္တနယ်ကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းလှိုင်၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး တင်မြင့်လွင် တို့ဦးစီးသည့် တပ်ဖွဲ့ဝင်များက ကျေးရွာနေပြည်သူ (၁၁၀)အား မှုခင်းကျဆင်းရေး၊သက်ငယ် မုဒိမ်းမှုမဖြစ်ပွားစေရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးနှိမ်နင်းရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာ ဆောင်ရွက် ရေးတို့အား ပညာပေးဟောပြောခဲ့ ကြောင်း သိရသည်။
(ရဲပြန်ကြား)


