ဘုတ်ပြင်း နိုဝင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဘုတ်ပြင်းမြို့ မြို့နယ်အားကစားခန်းမနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ဝန်ကြီးများသည် ရွှေဘုံသာရပ်ကွက်ရှိ မြို့နယ် အားကစားခန်းမနှင့် ဝန်ထမ်းအိမ်ရာ ခြောက်ခန်းတွဲ လေးထပ် ဆောက်လုပ်နေမှုကို လည်းကောင်း၊ အောင်မင်္ဂလာရပ်ကွက်ရှိ ခရိုင်စုပေါင်းရုံးနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


