mdn

၂၃ အောက်တိုဘာ

 

ဗြိတိန်နိုင်ငံကို ဘူဂေးဒီးယားနိုင်ငံကနေ မောင်းနှင်လာတဲ့ ကုန်တင်ကားတစ်စင်းပေါ်မှာ လူသေအလောင်း ၃၉ လောင်းကို လန်ဒန်အနီးမှာ ဒီကနေ့တွေ့ရှိတဲ့အတွက် ကုန်တင်ကားမောင်းသူကို ဖမ်းဆီးထားကြောင်း သိရပါတယ်။

 

သေဆုံးသူစုစုပေါင်း ၃၉ ဦးဖြစ်ရာ ၃၈ ဦးဟာ အရွယ်ရောက်ပြီးသူများဖြစ်ပြီး ၁ ဦးက ဆယ်ကျော်သက်အရွယ် ဖြစ်ပါတယ်။ မြောက်အိုင်ယာလန်မှ အသက် (၂၅) နှစ်အရွယ် ကားဆရာကို လူသတ်မှုနဲ့သံသယတရားခံအဖြစ် ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားပါတယ်။

 

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြည်ထဲရေးဝန်ကြီးရုံးက အဲဒီကိစ္စကို အနီးကပ်လုပ်ဆောင်နေကြောင်းနဲ့ သေဆုံးသူတွေ ၊ သေဆုံးသူမိသားစုတွေနဲ့အတူ ဝမ်းနည်းကြောင်း ပြောပါတယ်။

 

၂၀ဝ၈  ခုနှစ်က တရုတ်နိုင်ငံသား ၅၈ ဦးတင်ဆောင်လာတဲ့ ကုန်တင်ကား တစ်စင်းအတွင်း အသက်ရှုကြပ်ပြီး ၅၆ ဦးသေဆုံးခဲ့ရာ ကုန်တင်ကားမောင်းသူ ဂျာမနီနိုင်ငံသားကို လူသတ်မှုနဲ့ ၂၀ဝ၉ ခုနှစ်မှာ ထောင်ဒဏ် အပြစ်ခဲ့ဖူးပါတယ်။

 

MDN

ကိုးကား - AFP