လန်ဒန် ဇန်နဝါရီ  ၇

ဗြိတိန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၉၄၇၄၇ ဦး ထပ်မံတွေ့ရှိခဲ့ခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၃၈၃၅၃၃၄ ဦး ရှိလာကြောင်း သိရသည်။

သေဆုံးသူပေါင်း ၄၉၂၈၄ ဦး ရှိလာ ထို့ပြင် ဗြိတိန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃၃၄ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၄၉၂၈၄ ဦး ရှိလာကြောင်းနှင့် ဆေးရုံများ၌ တက်ရောက်ဆေးဝါး ကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၇၂၇၆ ဦး ရှိကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ၌ အသက် ၁၂ နှစ်နှင့်အထက် အသက်အရွယ်ရှိသူအားလုံး၏ ၉၀ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် ၈၂ ရာခိုင်နှုန်းသည် ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဗြိတိန်နိုင်ငံ၌ အသက် ၁၂ နှစ်နှင့်အထက် အသက်အရွယ်ရှိသူအားလုံး၏ ၆၀ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယအကြိမ် အပိုဆောင်းထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်