ဗန်းမော်၊ တောင်ကြီးနှင့် ရွှေညောင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် စက်တင်ဘာ ၇

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီခွဲတွင်  ဗန်းမော်မြို့နယ်၊ စီအင်ကျေးရွာအုပ်စု၊ စီအင်ကျေးရွာ အနီးတွင် သောင်းဝူ(ခ)အားဝူ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး မွန်းလွဲ ၃ နာရီတွင်  ၎င်းနေထိုင်သည့် ဗန်းမော် မြို့နယ်၊ စီအင်ကျေးရွာအုပ်စု၊ စီအင်ကျေးရွာရှိ နေအိမ်ကို ဆက်လက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ပြား ၆,၀၀၀ ကိုလည်းကောင်း၊  ထိုနေ့ နံနက်  ၁၁ နာရီတွင် တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ရွှေညောင်-ရပ်စောက် သွား ကားလမ်း၊ ကုန်းလှိုင်ရေကန်အနီးတွင် စိုင်းအိုက်နန်တော မောင်းနှင် လာသည့် မော်တော် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား