နေပြည်တော် ၂၆ နိုဝင်ဘာ

 

ဗန်းမောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၄ ရက် ညနေပိုင်းက ဗန်းမောက်မြို့နယ်၊ ပင်ဟင်းခါးကျေးရွာအုပ်စု၊ ပင်ဟင်းခါးကျေးရွာအနီး မံစီကြီး-ဗန်းမောက်သွား ကားလမ်းတွင်  တုတ်ကျန်မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းစိမ်း ၄ ဒသမ ၄၃၆ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် တုတ်ကျန်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား