နေပြည်တော် ၃၁ အောက်တိုဘာ
ဗန်းမောက်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၃၀ ရက် နံနက်ပိုင်းက ဗန်းမောက်မြို့နယ်၊ ယာဖွယ်ကျေးရွာနေ အောင်မင်း၏နေအိမ်ကို ရှာဖွေရာ ၎င်း၏အိပ်ရာဘေးမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၇၀ဝ ၊ ဘိန်းဖြူ သုည ဒသမ ၄ ဂရမ်နှင့် ဘိန်း ၁၆၀ ဂရမ် တို့ကို သိမ်းဆည်းရမိခဲ့သည်။
အလားတူ အောက်တိုဘာ ၂၉ ရက် ညနေပိုင်းတွင် တပ်မတော်မှ မိုင်းဆတ်မြို့နယ်၊ မိုင်းတွန်း တောင်ပေါ်ကျေးရွာအုပ်စု၊ ကျဘိုရှဲကျေးရွာ၏ မြောက်ဘက် ၃ မိုင်ခန့်အကွာတွင် ကျဘိုရှဲ ကျေးရွာဘက်မှ မောင်းနှင်လာသည့် ဆိုင်ကယ်ပေါ်မှ ဆာလာအိတ် ထုပ်ကိုပစ်ချပြီး ပြန်လှည့်ကာ မောင်းနှင်ထွက်ပြေးသွားသဖြင့် ၎င်းအထုပ်အား စစ်ဆေးရှာဖွေရာ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ဝ,ဝ၀ဝ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN


