ပေါင် ၁၁ မတ်
ပေါင်မြို့နယ် အ.ထ.က(ပေါင်) စာစစ်ဌာနတွင် ခုံအမှတ် ညပ - ၈၅၇ ဖြင့် တက္ကသိုလ်ဝင်တန်း ဖြေဆိုနေသည့် ကျောင်းသား မောင်ချစ်မင်းသူမှာ မတ် ၁၁ ရက်တွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား မေ့ကျန်ခဲ့သဖြင့် မြို့မရဲစခန်းမှ လုံခြုံရေးတာဝန်ကျနေသော တပ်ကြပ်ကြီးစိုးခိုင်မှ လိုက်ပါကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် အ.ထ.က(ပေါင်)၊ အ.ထ.က(နတ်ကြီးချောင်)၊ အ.ထ.က (အလှပ်)၊ အ.ထ.က(မုတ္တမ)၊ အ.ထ.က(ဇင်းကျိုက်)၊ အ.ထ.က(ရင်းငြိမ်)၊ အ.ထ.က(သဲကုန်း) စာစစ်ဌာန ၇ ခုတို့၌ ဓါတုဗေဒဘာသာရပ် ဖြေဆိုခွင့်ရှိသူ ၂၉၄၇ ဦးရှိသည့်အနက် ၂၇၇၃ ဦးဖြေဆိုခဲ့ပြီး ၁၇၄ ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စာစစ်ဌာန အသီးသီးသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးဆွေ၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက လိုအပ်သည်များကို ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
ကိုဟိန်း(ပေါင်)


