စစ်ကိုင်း ၁၈ မတ်
စစ်ကိုင်းမြို့ ရာဇမဏိစူဠာ ကောင်းမူတော်တွင် အဆင့်မီ အများသုံးသန့်စင်ခန်း ၂၄ လုံးတည်ဆောက်မှု ပြီးစီးခဲ့ပြီး ဘုရာဖူးလာ ဧည့်ပရိသတ်များ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
ကောင်းမူတော်စေတီ တောင်ဘက်မုခ် တည်းခိုဆောင်များအနီး တည်ဆောက်ထားသော အများသုံးသန့်စင်ခန်းများတွင် ကျား ၁၂ ခန်း၊ မ ၁၂ ခန်း၊ သံဃာတော်များ၊ မသန်စွမ်းသူများအတွက်ပါ အများသုံးသန့်စင်ခန်းများ၊ နားနေစရာနေရာများပါ ထည့်သွင်းတည်ဆောက်ထားကြောင်း သိရသည်။
အများသုံး သန့်စင်များ တည်ဆောက်ပြီးစီးသည့် အခြေအနေနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးစိုးဦး၊ စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သောင်း၊ စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်၊ ကောင်းမှုတော်စေတီဂေါပကအဖွဲ့ ဥက္ကဋ္ဌဦးတင်မျိုးလွင်တို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ကိုမင်း(အင်းတော်)


