မုံရွာ အောက်တိုဘာ ၂၁

 

စစ်ကိုင်းတိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သည့် e-Government လူ့စွမ်းအား အရင်းအမြစ် အရည်အသွေးမြှင့်တင်ရေးသင်တန်း အပတ်စဉ်(၃)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး e-Government စနစ်အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ နာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကွန်ပျူတာ တက္ကသိုလ်(မုံရွာ) ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား သင်တန်းသူများအနေဖြင့် ယခု သင်တန်းက သင်ကြားပို့ချပေးမည့် သင်ခန်းစာများကို အပတ်တကုတ်  ကြိုးစားလေ့လာသွားကြရန်နှင့် မိမိတို့၏ ကြိုးစားအားထုတ်မှုဖြင့် တိုင်းဒေသကြီး ၏ e-Government စနစ်ကို အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားပြီး ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ပါမောက္ခချုပ်ထံ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်း ပေးအပ် ချီးမြှင့်သည်။

 

ရှင်းလင်းပြောကြား

 

ထို့နောက် ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ပါမောက္ခချုပ်က e-Government လူ့စွမ်းအားအရင်း အမြစ် အရည်အသွေးမြှင့်တင်ရေးသင်တန်း ဖွင့်လှစ်ရ ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

အဆိုပါသင်တန်းသို့ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနများမှ သင်တန်းသား သင်တန်းသူ ၄၀ တက်ရောက်ပြီး သင်တန်းကာလမှာ ရက်သတ္တ ငါးပတ်ကြာဖွင့်လှစ်၍ စာတွေ့လက်တွေ့ သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)