နေပြည်တော် ၂ စက်တင်ဘာ
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်အတွင်း သစ်တောဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ကွမ်းပင်ရေစုပေါင်းစစ်ဆေးရေးစခန်း၏ အထက်ဘက် (၁)ဖာလုံခန့်အကွာ၊ မုံရွာ-ကလေးဝကားလမ်း (၄၇/၇)မိုင်အနီး၊ CANTER ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၃ ဒသမ ဝ၅၃၂)တန်အား လည်းကောင်း၊
ရှမ်းပြည်ယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ်၊ ကွန်းချောင်းဘိနယ်၊ ကြိုးပြင်(IX)အတွင်းမှ တရားမဝင် ကျွန်းသစ်/ခွဲသားဆိုဒ်စုံ (၆ ဒသမ ဝ၀၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သစ်တောဉီးစီးဌာနမှ သိရသည်။
မောင်လူမော်


