နေပြည်တော် ၂၃ သြဂုတ်
၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၃)ရက်နေ့၊ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေ သတင်းအရ စစ်တောင်းမြစ်ရေသည် မဒေါက် မြို့တွင် (၂)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် (၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ မဒေါက်မြို့ အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် မိုးဇလမှ အသိပေးနှိုးဆော်ထားသည်။
MDN


