စစ်တွေ အောက်တိုဘာ ၂၅
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များ၊ လောကာနန္ဒာစေတီတော်မြတ်ကြီးရင်ပြင်တွင် တည်ထားပူဇော်လျက်ရှိသည့် မာရဝိဇယဆင်းတုတော်၊ အဘယရာဇမုနိဆင်းတုတော် များနှင့် ရှေးဟောင်းသမိုင်းဝင် အောင်စကြာမုနိဘုရားအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။
တင်ထွန်း(ပြန်/ဆက်)


