စစ်တွေ အောက်တိုဘာ ၂၇
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၏ ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွင်း မိုးစပါးစိုက်ဧက ၈၅၄၂ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ ပြည်တော်သာရပ်ကွက် ပြည်တော်သာကွင်း အမှတ်(၄၆) ဦးပိုင်အမှတ်(၃) လယ်မြေ ၆ ဒသမ ၅၄ ဧကတွင် မိုးစပါးစံကွက် ရိတ်သိမ်းခဲ့သည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် ၆ ဒသမ ၆ ပေပတ်လည် စံကွက်ငယ်အဖြစ် ရိတ်သိမ်းခဲ့ပြီး တစ်ဧကအထွက်နှုန်း ၁၅၁ ဒသမ ၁၃ တင်း အစိုထွက်ရှိခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


