၁၅ နိုဝင်ဘာ
ပဋိဇေဝဆေး၊ အကိုက်အခဲ ပျောက်ဆေးနဲ့ စိတ်ကျရောဂါ ကုသဆေး စတဲ့ ဘီလီယံနဲ့ချီတဲ့ ဆေးပြားတွေက အကြွင်းအကျန်ကို ဖျက်ဆီးနေခြင်းဟာ ရေချိုဂေဟစနစ်နဲ့ ကမ္ဘာ့အစားအစာ ကွင်းဆက်ကို အန္တရာယ် ဖြစ်စေကြောင်း ကြာသပတေးနေ့က ထုတ်ပြန်တဲ့ သုတေသန စာတမ်းမှာ ရေးသားထားပါတယ်။
လူနဲ့ တိရိစ္ဆာန်တွေ သောက်သုံးလိုက်တဲ့ ဆေးဝါး ၉၀ ရာခိုင်နှုန်းရဲ့ ဓါတ်ပြုနိုင်သေးတဲ့ ပါဝင်ပစ္စည်းတွေဟာ စွန့်ထုတ်ပစ္စည်းအဖြစ် သဘာဝ ပတ်ဝန်းကျင်ထဲကို ပြန်လည်ရောက်ပါတယ်။
လူသားတွေမှာလည်း သောက်ဆေးတွေက မယုံနိုင်လောက်အောင် များပြားလာတာကို တွေ့ရကြောင်း သုတေသန စာတမ်းမှာ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံ တစ်နိုင်ငံတည်းမှာတင် ဆေးပြား လေးဘီလီယံရဲ့ သုံးပုံတစ်ပုံဟာ နှစ်စဉ် အသုံးမပြုတဲ့ ဆေးဝါးဖြစ်ရကြောင်း ဖော်ပြထားပါတယ်။
တခြား လေ့လာချက် တစ်ခုမှာ ဟိုမုန်းဆေးဝါး၊ အကိုက်အခဲ ပျောက်ဆေးနဲ့ စိတ်ကျရောဂါ ကုသဆေးဝါးတွေရဲ့ ၁၀ ရာခိုင်နှုန်း နီးပါးက သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေကြောင်း ပြောဆိုထားပါတယ်။
ဗြိတိန်နိုင်ငံ တစ်နိုင်ငံတည်းတွင် ပဋိဇေဝဆေး၊ အိုင်ဘူပရိုဖန်နဲ့ တခြားဆေးဝါးတွေက ရေသိုးကို ရေသန့်ပြုလုပ်တဲ့ စက်ရုံ ၈၉၀ ဆီကို ရောက်ရှိနေပြီး အဲဒီအခြေအနေမှာ သဘာဝ ပတ်ဝန်းကျင်ကို ဆိုးကျိုးသက်ရောက်စေကြောင်း လေ့လာချက် နောက်တစ်ခုကလည်း ဖော်ပြထားပါတယ်။
ဆေးမတိုးတဲ့ ရောဂါနဲ့ နှစ်စဉ် လူပေါင်း ၇၀၀,၀၀၀ ကျော် သေဆုံးနေပါတယ်။ ကမ္ဘာ့လူဦးရေ တိုးပွားလာသလို အသက်ရှည်လာတဲ့ လူဦးရေကလည်း တိုးပွားလာရာ ၂၀၅၀ အထိ နှစ်စဉ် လူဦးရေ ၁၀ သန်း တိုးသွားနိုင်ပါတယ်။ အခုတိုးပွားလာမယ့် လူဦးရေဟာ ကင်ဆာရောဂါကြောင့် သေဆုံးတဲ့ ဦးရေထက် များနေပါတယ်။
MDN
ကိုးကား - AFP


