ဆီဆိုင် အောက်တိုဘာ ၂၆
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံရေး) ဦးရဲခေါင်ထွန်း၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေး ထိန်းသိမ်းရေးဌာနခွဲ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမင်းလတ်၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူတို့က ဆီဆိုင် မြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၅၉ ဒသမ ၇ သန်းဖြင့် ထက်ဓနအောင်ကုမ္ပဏီက ဆောင်ရွက်သည့် မိုက်တီး-နောင်ဘို လမ်းပေါ်ရှိ ပေ ၂၀၊ သံကူကွန်ကရစ်ကြမ်းခင်း တံတား တစ်စင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေကျပ် ၂၂၇ ဒသမ ၇ သန်းဖြင့် ပြည့်ကောင်းကုမ္ပဏီက ဆောင်ရွက်သည့် မကောက်(နောက်)- နောင်လိတ်-ကွန်မွန်း-ဖာလိုင်-ပန်ကန်းလေး-KFW(လမ်းခွဲ) လမ်းပေါ်ရှိ ပေ ၄၀ သံပေါင် သံကူကွန်ကရစ်တံတားတစ်စင်းနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် သန်း ၃၅၀ ဖြင့် ဆောင်ရွက်သည့် ကုန်းဆွတ်-လာဇရူး-တောင်သာ-တရောက်-ဖာလိုင် လမ်းပေါ်ရှိ ပေ ၂၀၀ သံကူကွန်ကရစ်တံတား(ပထမပိုင်း) တည်ဆောက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


