ဆီနီဂေါအသင်းဟာ ဇန်နဝါရီ ၁၉ ရက်  နံနက်ပိုင်းက မော်ရိုကိုအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဖရိကနိုင်ငံများဖလား နောက်ဆုံး ဗိုလ်လုပွဲစဉ်မှာ မော်ရိုကိုအသင်းကို အနိုင်ရရှိခဲ့တာကြောင့် အာဖရိကနိုင်ငံများဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရ

ဆီနီဂေါအသင်းနဲ့ မော်ရိုကိုအသင်းတို့ပွဲစဉ်မှာ ဗိုလ်လုပွဲဖြစ်တာနဲ့အညီ အကြိတ်အနယ်ရှိခဲ့ပြီး သာမန်ပွဲကစားချိန် မိနစ် ၉၀ အတွင်း ဘယ်အသင်းကမှ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် အချိန်ပိုကစားရာမှာ ဆီနီဂေါအအသင်းက ၉၄ မိနစ်မှာရရှိခဲ့တဲ့ ပါပီဂူယီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဆီနီဂေါအသင်းအနေနဲ့ မော်ရိုကိုအသင်းကိုအနိုင်ရပြီး အာဖရိကနိုင်ငံများဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်းဟာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၂၁ ခုနှစ်က အီဂျစ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရပြီး အာဖရိကနိုင်ငံများဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

အာဖရိကရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက် အမြင့်ဆုံးအသင်းအဖြစ်  သတ်မှတ်ခံခဲ့ရတဲ့ မော်ရိုကို အသင်းကတော့  အာဖရိကနိုင်ငံများဖလား  ဗိုလ်လုပွဲမှာ  ဆီနီဂေါအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ၁၉၇၆ ခုနှစ်နောက်ပိုင်း ပထမဆုံး ဆုဖလားရရှိနိုင်မယ့် အခွင့်အရေးနဲ့ လွဲခဲ့ရတာဖြစ်ပါတယ်။

ငွေကြယ်