၂၃ အောက်တိုဘာ
တူရကီနယ်စပ်တလျှောက်ရှိ ဆီးရီးယားမြောက်ပိုင်းမှ ကာဒ့်တပ်ဖွဲ့များကို ဖယ်ရှားရန် ရုရှားနှင့် တူရကီခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။
အမေရိကန်ပြည်ထောင်စု၏ တောင်းဆိုမှုအရ တူရကီသည် ပြီးခဲ့သည့် ကြာသပတေးမှစ၍ ကာ့ဒ်တပ်ဖွဲ့အပေါ် ထိုးစစ်ဆင်မှုကို ဆိုင်းငံ့ထားခဲ့သည်။ အန်ကာရာသည် အကြမ်းဖက် အဖွဲ့အစည်းဟု သတ်မှတ်ထားသည့် ကာ့ဒ်တိုက်ခိုက်ရေးသမားအဖွဲ့ကို ဖယ်ရှားရန် ထိုးစစ်ဆင်မှုများကို စတင်လုပ်ဆောင်ခဲ့သည်။
တူရကီသမ္မတ အာဒိုဂန်နှင့် ရုရှားသမ္မတ ပူတင်တို့သည် ယမန်နေ့က ရုရှားနိုင်ငံတောင်ပိုင်း ဆိုချီအပန်းဖြေစခန်း မြို့တော်တွင် ဆီးရီးယားအရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
ရုရှားစစ်တပ်နှင့် ဆီးရီးယားသမ္မတ၏ နယ်ခြားစောင့်တပ်ဖွဲ့များသည် ယနေ့မွန်းလွဲပိုင်းတွင် တူရကီ စစ်ဆင်ရေးဧရိယာ၏ အပြင်ဘက်သို့ ဝင်ရောက်ပြီး နယ်ခြားမှ နာရီပေါင်း ၁၅၀ အတွင်း ကာ့ဒ် အကြမ်းဖက် အဖွဲ့များကို ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ကြောင်း သဘောတူညီခဲ့ကြသည်။
နှစ်နိုင်ငံအဖွဲ့များသည် အဆိုပါစစ်ဆင်ရေးပြီးနောက်တွင် နှစ်နိုင်ငံနယ်စပ်မှ ၁၀ ကီလိုမီတာတလျှေက် ပူးတွဲကင်းလှည့်မှုများ စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။ ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်အကြမ်းဖက်များက မည်ကဲ့သို့ တုံ့ပြန်လာနိုင်သည်ကို အာရုံစူးစိုက်လျက် ရှိကြောင်းလည်း သိရသည်။
ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- စုရည်


