ဆိပ်ဖြူ ၁၅ မတ်
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မှုခင်းကျဆင်းရေး၊ တရာဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ယာဉ်များပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်းကို မတ်လ ၁၄ နေ့ ည ၉ နာရီအချိန်က ဆိပ်ဖြူ-စလင်းကားလမ်း အနော်ရထာတံတားထိပ်တွင် ပြုလုပ်သည်။
အဆိုပါလုပ်ငန်းကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဘိုဘိုထွဋ်ကြီးကြပ်၍ မြို့မစခန်းမှူး ဒုရဲမှူးမျိုးဝင်းနှင့် တပ်ဖွဲ့ဝင်များက တရားမဝင်းမူးယစ်ဆးဝါးများ သယ်ဆောင်ရောင်ဝယ်ခြင်းမရှိစေရေး၊ ဒုတ်၊ ဓားလက်နက်များကိုင်ဆောင်ခြင်း မရှိစေရေး၊ ပါဝါအိတ်ဇောတပ် ဆိုင်ကယ်များ စီးနင်းခြင်း မရှိစေရန်တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စိုးလင်းနိုင်(IPRD)


