ဆိပ်ဖြူ ၁၄ မတ်
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဈေးကွက်အတွင်း ရောင်းချလျှက်ရှိသာ စိုက်ပျိုးရေးသုံး ဆေးဝါးများနှင့် မြေသြဇာများကို ရှောင်တခင်စစ်ဆေးခြငး်ကို ယနေ့ နံနက်ပိုင်းက ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဒေသခံတောင်သူများအနေဖြင့် ဒေသထုတ်ကုန် မြင့်မားစေရေး စိုက်ပျိုးထုတ်လုပ်ရာတွင် နစ်နာမှုမရှိစေ ရန် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျှက်ရှိသော စိုက်ပျိုးရေးသုံးဆေးဝါးများ၊ ဓာတ်မြေသြဇာများတွင် မှတ်ပုံတင်ထားခြင်းမရှိ၊ သက်တမ်းလွန် စိုက်ပျိုးရေးသုံးပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်း မရှိစေရန် ရည်ရွယ်၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးရန်နိုင်ဝင်းနှင့် ခရိုင်မျိုးစေ့၊ မြေအသုံးချရေး၊ ပိုးမွှား တာဝန်ခံအရာရှိများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်စားသုံးသူ ရေးရာ ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်နေလင်းနှင့် ဝန်ထမ်းများ ပူးပေါင်း၍ ရှောင်တခင်စစ်ဆေးခဲ့သည်။
စိုက်ပျိုးရေးသုံး ဆေးဆိုင်များတွင် ရောင်းချလျှက်ရှိသော စိုက်ပျိုးရေးသုံးဆေးဝါးများ၊ မြေသြဇာများ စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဈေးကွက်တွင် မှတ်ပုံတင်ထားခြင်းမရှိသော၊ သက်တမ်းလွန်သော ဆေးများနှင့် မြေသြဇာများကို ရောင်းချခြင်းမရှိစေရန် စစ်ဆေးအသိပေးခဲ့ကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)


