၈ နိုဝင်ဘာ
ဆိုမာလီယာနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နေကာ ရေကြီးမှုဖြစ်ပွားသောကြောင့် ၂၅ ဦးထက်မနည်းသေဆုံခဲ့ပြီး အခြား ၄၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ယမန်နေ့က ပြောကြားခဲ့သည်။
ဆိုမာလီယာနေရာတော်တော်များတွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် လူပေါင်း ၂၇၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ယင်းနိုင်ငံရှိ အသက်မွေးဝမ်းကျောင်းမှုနှင့် အခြေခံအဆောက်အဦတို့ ပျက်ဆီးခဲ့သည်ဟု ကမာ္ဘ့ကျန်းမာရေးအဖွဲ့က ဆိုသည်။
ယင်းသို့အကြီးအကျယ်ပျက်ဆီးနေသော အခြေအနေတွင် ကမာ္ဘ့ကျန်းမာရေးအဖွဲ့က အသက်ကယ်အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
လူပေါင်း ၅၄၇၀၀၀ ကျော် ရေလွှမ်းမိုးမှုဒဏ်ခံစားခဲ့ရသည် ဟု လူသားချင်းစာနာထောက်ထားမှု ညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ ကုလသမဂ္ဂရုံး က သတင်းထုတ်ပြန်ခဲ့သည်။
ရှဘယ်လ်မြစ်ရေ တိုးတက်လာပြီး အများဆုံးသိုလှောင်နိုင်သော ပမာဏထက် ကျော်လွန်သဖြင့် ဘလက်ဝိုင်မြို့တွင် လူပေါင်း ၂၃၂၀၀၀ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီ က ပြောကြားခဲ့သည်။
အနောက်တောင်ပြည်နယ်များနှင့် ဟာရှဘယ်လ်၊ ဂျူဘယ်အန် ပြည်နယ်တို့ကို ဖြတ်သန်းစီးဆင်းနေသော ဂျူဘာနှင့်ရှဘယ်လ်မြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်ဒေသအများစုမှာ ရေလွှမ်းမိုးခြင်းခံခဲ့ရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


