၁၅ နိုဝင်ဘာ

 

ဆလိုဗက်ကီးယား နိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် မြစ်ကမ်းပါး ကျိုးကျပြီး ရေကြီးရေလျှံစဉ် ခွေးတွေကို ကယ်ဆယ်ဖို့ ကြိုးစားရင်း အမျိုးသမီး သုံးဦး ရေနစ်သေဆုံးခဲ့ကြောင်း ဝန်ကြီးချုပ် ပီတာ ပယ်လီဂရီနီက ကြာသပတေးနေ့က အတည်ပြု ပြောကြားပါတယ်။

 

အမျိုးသမီး သုံးဦးလုံးဟာ ခွေးဂေဟာမှာ အလုပ်လုပ်သူများပြီး ရေကြီးရေလျှံ လာတဲ့အတွက် ခွေးတွေကို ကားတွေပေါ်တင်ပြီး ရေလွတ်ရာကို ပို့ဆောင်ပြီးနောက် ရေစီးနဲ့အတူ သူတို့ကားပါသွားခဲ့ကြောင်း သိရပါတယ်။

 

အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့က သေဆုံးသူ အမျိုးသမီး တစ်ဦးရဲ့ အလောင်းကို ဆယ်ယူနိုင်ခဲ့ပေမယ့် ကျန်ရှိ အလောင်းများ ဆယ်ယူရန် ကြိုးစားနေဆဲ ဖြစ်ပါတယ်။

 

ဗုဒ္ဓဟူးနေ့ကလည်း ဆလိုဗက်ကီးယားနိုင်ငံ အနောက်ပိုင်းမှာ ဘတ်စ်ကားတစ်စင်းနဲ့ မြေသယ်ကားနဲ့ တိုက်မိရာ ကျောင်းသားလေးဦး အပါအဝင် လူ ၁၂ ဦး သေဆုံးခဲ့ပါသေးတယ်။

 

ဒီဖြစ်စဉ်များကြောင့် သောကြာနေ့ကို နိုင်ငံတော် ဝမ်းနည်းကြေကွဲနေ့အဖြစ် သတ်မှတ်ကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP