ဆန်းဒါးလန်းအသင်းနဲ့ မန်စီးတီးအသင်းတို့ ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဆန်းဒါးလန်းအသင်းရဲ့ အိမ်ကွင်းမှာ အနိုင်သုံးမှတ်ရရှိရေး ဟာလန်း၊ ချာကီ၊ ဘာနာဒို ဆေးလ်ဗား၊ ဂွန်ဇာလက်၊ ဖိုဒန် စတဲ့အသင်းအတွက် အားထားရတဲ့ ကစားသမားအများစုကို ၄-၃-၂-၁ ကစားကွက်ဖြင့် ပွဲထွက်လာခဲ့ပါတယ်။
အိမ်ရှင် ဆန်းဒါးလန်းအသင်းကလည်း မန်စီးတီးအသင်းကို အနိုင်ရရှိပါက ပရီမီယာလိဂ် အမှတ်ပေးဇယားအဆင့်(၄)နေရာ တက်လှမ်းခွင့်ရရှိမှာ ဖြစ်တာကြောင့် မန်စီးတီးအသင်းကို တုံ့ပြန်ကစားနိုင်ရေး ၄-၃-၂-၁ ကစားကွက်ဖြင့် ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဆန်းဒါးလန်းအသင်းနဲ့ ပွဲစဉ်မတိုင်မီက ပရီမီယာလိဂ်အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်အသင်းနဲ့ ငါးမှတ်ကွာအနေအထားမှာ ရှိခဲ့တာဖြစ်ပေမယ့် ဆန်းဒါးလန်းအသင်းကို သရေတစ်မှတ်သာကစားနိုင်ခဲ့တာကြောင့် လက်ရှိအချိန်မှာ အာဆင်နယ်အသင်းကို ဖိအားမပေးနိုင်ခဲ့ဘဲ ရမှတ်လေးမှတ်ကွာနဲ့ အမှတ်ပေးဇယားအဆင့် (၂) နေရာမှာ ဆက်လက်ရပ်တည်နေတာဖြစ်ပါတယ်။
လက်ရှိပရီမီယာလိဂ်အမှတ်ပေးဇယားမှာ အာဆင်နယ်အသင်းက ပရီမီယာလိဂ်ပွဲစဉ် (၁၉) အပြီးမှာ ရမှတ် ၄၅ မှတ်နဲ့ဇယားထိပ်မှာ ဦးဆောင်နေပြီး မန်စီးတီးအသင်းက ရမှတ် ၄၁ မှတ်ရရှိထားတာဖြစ်ပါတယ်။
ငွေကြယ်


