၂၁ အောက်တိုဘာ

 

ချီလီနိုင်ငံမှာ ပြီးခဲ့တဲ့ သုံးရက်အတွင်းက အကြမ်းဖက်မှုပါဝင်တဲ့ ဆန္ဒပြပွဲတွေမှာ လူပေါင်း ခုနှစ်ဦးသေဆုံးပြီး ၁၅၀ဝ ဦးကို ဖမ်းဆီးထားကြောင်း သိရပါတယ်။ အခုလို အကြမ်းဖက်မှုပါဝင်တဲ့ ဆန္ဒပြပွဲ ၁၉၉၀ နောက်ပိုင်းမှာ ပထမဦးအကြိမ်ပြန်လည် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

 

ချီလီစစ်ခေါင်းဆောင် ပီနိုချေးလက်ထက် ၁၉၇၃- ၁၉၉၀ အတွင်းမှာ ဆန္ဒပြသူတွေကို နှိမ်နင်းရန် စစ်သားတွေ  လမ်းမတွေပေါ် စေလွှတ်ခဲ့ပြီးနောက်  ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စစ်သားတွေကို ပထမဦးဆုံးအကြိမ်အဖြစ် လမ်းမပေါ် စေလွှတ်ခဲ့ကြောင်း သမ္မတ ပင်နီယာ ဝန်ခံပြောကြားပါတယ်။ အကြမ်းဖက်မှုတွေပါဝင်တဲ့ ဆန္ဒပြပွဲတွေကြောင့် ဆန်တီယာဂို အပါအဝင် ချီလီနိုင်ငံရဲ့ ဒေသ ၁၆ ခုမှာ အရေးပေါ်အခြေအနေ ပြဌာန်းပါတယ်။

 

1

 

ဆန္ဒပြသူတွေက ဘတ်စ်ကားတွေကို မီးတင်ရှို့ခြင်း၊ ရထားဘူတာရုံများကို ဖျက်ဆီးခြင်း၊ ဈေးဆိုင်များ ဖျက်ဆီးလုယက်ခြင်းများဟာ ကုန်ဈေးနှုန်းတက်ခြင်းနဲ့ မညီမျှတာတွေကြောင့် အခုလို ဆန္ဒပြပွဲများ ဖြစ်လာတာလို့ သိရပါတယ်။

 

ဆန္ဒပြပွဲကို နှိမ်နင်းရန် စစ်သား နဲ့ ရဲသား  ၉,၅၀ဝ နီးပါး အသုံးပြုခဲ့သလို မျက်ရည်ယိုဗုံးနဲ့ ရေပိုက်တွေ အသုံးပြုပြီး  ဖြိုခွင်းခဲ့ပါတယ်။

 

2

 

တနင်္ဂနွေနေ့က မြို့တော် ဆန်တီယာဂိုအနီးရှိ  အထည်ချုပ်စက်ရုံတစ်ရုံ မီးရှို့ရာတွင် လူငါးဦး သေဆုံးခဲ့ပါတယ်။ အဲဒီမတိုင်ခင်က အမေရိကန်နိုင်ငံက ဝေါလ်မတ် စတိုးဆိုင်ကို မီးရှို့စဉ် အမျိုးသမီးနှစ်ဦး မီးလောင် သေဆုံးခဲ့ပါသေးတယ်။

 

တနင်္ဂနွေက ဆန္ဒပြပွဲကြောင့် လူထုသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ဆိုင်းငံ့ခဲ့သလို နိုင်ငံတကာလေဆိပ်မှာ လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းခဲ့ပါတယ်။

 

MDN

ကိုးကား - AFP