ချောက် ၁၄ မတ်
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ဆင်ကကျေးရွာ၌ မတ် ၁၀ ရက်က မီးလောင်မှုကြောင့် အိမ်ထောင်စု (၁၃)စု၏ အိမ်များဆုံးရှုံးပြီး ပြန်လည်တည်ဆောက် နေထိုင်နိုင်ရေးအတွက် ချောက်မြို့နယ်မှ ဌာနဆိုင်ရာများ ပူးပေါင်းပြီး မီးလောင်ပြင်အား ရှင်းလင်းရေးကို ယနေ့နံနက် ၈ နာရီခွဲအချိန်က စတင်ပြုလုပ်သည်။
ယင်းသို့ စုပေါင်းဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးစိုးညွန့်နှင့် သန္ဓေ၊ အရန်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်ဌေး ဝင်းနှင့် အရာရှိအရာခံ အကြပ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ဆင်ကကျေးရွာရှိ ပြည်သူများ စုစုပေါင်း ၁၈၀ဦးက ပူးပေါင်း၍ မီးလောင်ပြင်အား ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)


