ရန်ကုန် ၂၂ ဖေဖော်ဝါရီ
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ဆယ်ရွာကျေးရွာအုပ်စု ဆယ်ရွာကျေးရွာ၌ ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲ ၂ နာရီ မိနစ်၂၀ ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။ ထိုသိုမီးလောင်ပျက်စီးဆုံးရှုံးသွားသော မီးဘေးသင့်အိမ်ထောင်စုများရှိရာ ယာယီကယ်ဆယ်ရေးစခန်း ဘုန်းတော်ကြီးကျောင်းတိုက်သို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ယမန်နေ့ ညနေ ၅ နာရီက သွားရောက်ထောက်ပံ့ခဲ့ကြကြောင်း သိရသည်။
ယင်းထောက်ပံ့ပေးအပ်ပွဲတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ကိုယ်စား သုံးခွမြို့နယ် ကြက်ခြေနီအသင်းခွဲ အမှုဆောင်များနှင့် အသင်းဝင်များက မီးဘေးသင့်အိမ်ထောင်စု လေးစုအား Family Kit/ Hygiene Kit/ Digity Kit / Shelter Kit လေးပုံးစီအား အိမ်ထောင်စုလေးဦးထံသို့တစ်ဦးလျှင်လေးပုံးစီ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
MDN


