နေပြည်တော်   ၁၂   မတ်  

 


စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာနလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါ ဝန်ကြီး ဌာန၌ ကျင်းပသည်။

 


ညှိနှိုင်းအစည်းအ‌ေ၀းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ဖွံ့ဖြိုးရေးအဆောက်အအုံများ၊ လျှပ်စစ်မီးလင်း ရေးနှင့် သောက်သုံးရေးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည့် နည်းတူ အသက်မွေး ဝမ်းကျောင်းပညာရပ်များ သင်ကြားလုပ်ကိုင်နိုင်ကြရေး ဆောင်ရွက်ပေးခြင်းဖြင့် ယင်း တို့၏ ရေရှည်ဘဝရပ်တည်ရေးနှင့် ဒေသဖွံ့ဖြိုးမှုတိုးတက်ရေး အား ထိရောက်လျင်မြန်စွာ ဖော်ဆောင်နိုင်မည်ကြောင်း၊ ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ပြီး အနီးကပ်ဝန်ဆောင်ပေး နေရသော လုပ်ငန်းများဆက်စပ်နေသည့် ဦးစီးဌာနများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော ဝန်ကြီးဌာနဖြစ်သည့် အားလျော်စွာ ဌာနအချင်းချင်း အပြန်အလှန် ပူးပေါင်း ဆောင်ရွက် ကြခြင်းဖြင့် လုပ်ငန်းစွမ်းဆောင်နိုင်မှု ပိုမိုတိုးတက်ရေးကြိုးပမ်း ဆောင်ရွက်ကြစေလို ကြောင်း၊ အဂတိတရားလျော့နည်းကင်းရှင်းရေးနှင့် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်သောငွေကြေး စီမံခန့်ခွဲမှုများဖြစ်စေရေးကြပ်မတ် ဆောင်ရွက်ကြရန် ဆွေးနွေးမှာ ကြားသည်။

 


ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာနက ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိသောကျေးလက်ရေရ ရှိရေး၊ ကျေးလက်မီးလင်းရေး၊ လူထုအခြေပြုစီမံကိန်းများ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်း များနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှုတို့ကိုလည်းကောင်း၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များ၏ တင်ဒါလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ များကိုလည်းကောင်း၊ လူထုဗဟိုပြုစီမံကိန်း (ပဉ္စမနှစ်စက်ဝန်း) ဆောင်ရွက်ပြီးစီးမှုအခြေ အနေများကိုလည်းကောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေလည်ပတ်မှု(၁/၂၀၁၉) အခြေ အနေများကိုလည်းကောင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းကဏ္ဍတစ်ခု ချင်းအလိုက် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 


 (သတင်းစဉ်)